DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁၄၈၀ ထိရှိလာ
DVB
·
January 18, 2022
စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁၄၈၀ ထိရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၁ လခွဲကျော်အကြာ စစ်ကောင်စီတပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်းအယောက် ၁၄၈၀ နဲ့ ဖမ်းဆီး ထိန်းသိမ်းခံရသူပေါင်း ၁၁၅၈၃ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၆၃၂ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၆၂၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၁ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၆၆ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်းအယောက် ၈၀ ရှိပြီဖြစ်ပါတယ်။

ဇန်နဝါရီ ၁၇ ရက်မနက် ၁ နာရီအချိန်က ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ စစ်ဘေးရှောင် စခန်းတခုကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ဘေး ရှောင်ပြည်သူ ၃ ယောက် နေရာတင် ကျဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါ ပြည်သူ ၃ ယောက်ကတော့ အသက် ၁၂ နှစ်အရွယ် မခိုင်၊ အသက် ၁၅ နှစ်အရွယ် မချောစုနဲ့ အ သက် ၅၂ နှစ်အရွယ် ဦးအန်ဒြေးယာနို့နို တို့ဖြစ်ကြောင်း သိရှိရပါတယ်။

ဇန်နဝါရီ ၁၆ ရက်နေ့မှာတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မအူပင်ကျေးရွာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်း တပ်စွဲခဲ့ပြီး ဒေသခံရွာသား ၄ ယောက်ကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါတယ်။ ဇန်နဝါရီ ၁၆ ရက်မှာ ကိုကျော်ဇင်ဝေကို သတ်ဖြတ်ခဲ့ပြီး နောက်တရက်မှာ ကိုသန့်ဇင်၊ ကိုကျော်မြင့်ဆွေနဲ့ ကိုစိုးမြင့်တို့ကို သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၅ ရက် ညအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ လျှပ်စစ်ရုံးအနီး လမ်းမပေါ်မှာ ဆွံ့အနားမကြားသူ ကိုရဲရင့်ဇော်ဟာ စက်ဘီးနဲ့ ဖြတ်သွားချိန် ရပ်ခိုင်းတာကို မရပ်တန့်ပေးလို့ဆိုပြီး စစ်ကောင်စီတပ်ရဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013