DVB Logo
Home
မြန်မာသတင်း
CDM ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များကို စစ်ကောင်စီက တောင်းခံနေ
DVB
·
January 11, 2022
CDM ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များကို စစ်ကောင်စီက တောင်းခံနေ
Donate to DVB

CDM ပညာရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စစ်ကောင်စီ လက်အောက်ခံဌာနတွေက တောင်းခံနေတာနဲ့ပတ်သက်ပြီး သတိထားကြဖို့ ပညာရေးဌာန တက်ကြွလှုပ်ရှားသူတယောက်ဖြစ်တဲ့ ဦးဖြိုးဝေအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ စစ်ကောင်စီလက်အောက်ခံ အခြေခံပညာရေးဦးစီးဌာနနဲ့ ပြည်သူ့ကျန်းမာရေး  ဦးစီးဌာနတို့က CDM လုပ်လို့ အလုပ်ကနေ ထုတ်ပယ်ခဲ့သူတွေနဲ့ CDM ပြုလုပ်ဆဲဝန်ထမ်းတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို တိုင်းနဲ့ပြည်နယ်တွေဆီကနေ တောင်းခံထားတာပါ။

“ပညာရေးနဲ့ ကျန်းမာရေးဝန်ထမ်းတွေ အထူးသဖြင့် ဆရာဝန်တွေကို သတိပေးချင်တာက လက်ရှိနေထိုင်တဲ့ လိပ်စာနဲ့ ဝေးရာ နယ်မြေ ဒေသတခုခုမှာ ခိုလှုံပါ။ တခြားဒေသကို သွားဖို့ အခက်အခဲရှိရင် ကိုယ့်လုံခြုံရေးအတွက် အထူးသတိထားပြီး ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေနေဖို့၊ သတင်းအချက်အလက်တွေကို အချိန်နဲ့ တပြေးညီရနိုင်အောင် စီမံထားကြပါ”လို့ ပညာရေးတက်ကြွလှုပ်ရှားသူ ဦးဖြိုးဝေအောင်က ပြောပါတယ်။

စစ်ကောင်စီက အခုလို စာရင်းအချက်အလက်တွေ တောင်းခံနေတာနဲ့ပတ်သက်ပြီး လျှော့မတွက်ကြဖို့နဲ့ ရပ်တည်ချက် ယုံကြည်ချက်နဲ့ပတ်သက်ပြီးတော့လည်း လုံးဝ စိတ်ဓာတ်မကျဖို့ သူက တိုက်တွန်းအားပေးပါတယ်။

စစ်ကောင်စီက အခုလိုလုပ်နေတာကိုက ပြည်သူတွေ အနိုင်ရဖို့ နီးနေပြီလို့ ယုံကြည်ကြဖို့လည်း သူက ဆိုပါတယ်။

ဦးဖြိုးဝေအောင်က “အာဏာသိမ်းကာလ တနှစ်နီးပါးရှိနေပြီမို့ CDM တွေဟာ လစာမရခဲ့တာလည်း ကြာနေပါပြီ။ အလုပ်အကိုင် အခွင့်အလမ်းရှာဖွေပေးဖို့ကလည်း CDM ဆိုရင် မခန့်ချင်တာတွေ ရှိနေတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ကလည်း CDM တော်တော်များများဟာ မိမိရပ်ရွာ ဒေသကနေ ရှောင်ပုန်းနေရတာမို့ အလွန်ကျပ်တည်းနေကြပါတယ်။ CDM တွေကိုလည်း အဘက်ဘက်ကနေ ဝိုင်းဝန်း ကူညီပေးကြပါဦးလို့ မေတ္တာရပ်ခံပါတယ်” လို့ ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်မှာ အလုပ်မလုပ်ချင်လို့ ကျန်းမာရေးနဲ့ ပညာရေးဌာန ဝန်ထမ်းအများအပြားဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM ပြုလုပ်ခဲ့ကြပြီး တချို့ ဖမ်းဆီးခံခဲ့ရသလို အားလုံးနီးပါးကိုလည်း စစ်ကောင်စီလက်အောက်ခံဌာနတွေက အလုပ် ရာထူးတွေကနေ ထုတ်ပယ်ခဲ့ပါတယ်။

ဖမ်းဆီးခံရမယ့်ဘေးကနေလွတ်အောင် တချို့လည်း ရွှေ့ပြောင်းနေထိုင်ကြရင်း သေဆုံးခဲ့ကြသူတွေရှိသလို လက်ရှိမှာလည်း မပြောင်းရွှေ့နိုင်ဘဲ အခက်အခဲကြုံနေရသူတွေလည်း အများအပြားရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013