DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ ဒီဗွီဘီသတင်းထောက် ကိုအောင်စံလင်းနှင့် အဆက်အသွယ်မရသဖြင့် မိသားစုစိုးရိမ်
DVB
·
January 4, 2022
ဖမ်းဆီးခံ ဒီဗွီဘီသတင်းထောက် ကိုအောင်စံလင်းနှင့် အဆက်အသွယ်မရသဖြင့် မိသားစုစိုးရိမ်
Donate to DVB

ဒီဗွီဘီသတင်းထောက် အောင်စံလင်းကို စစ်ကောင်စီတပ်က  ဖမ်းဆီးခေါ်ဆောင်သွားတာ ရက် ၂၀ ကျော်ကြာတဲ့အထိ ဘယ်နေရာမှာ ဖမ်းဆီးထားတယ်၊ ဘာပုဒ်မနဲ့ အမှုဖွင့်ဆောင်ရွက်နေသလဲဆိုတာ စုံစမ်းလို့ မရသေးတဲ့အတွက်  မိသားစုဝင်တွေ စိုးရိမ်နေကြပါတယ်။

အခုလို စုံစမ်းလို့ မရတဲ့အတွက်  ကိုအောင်စံလင်းရဲ့ အသက်အန္တရာယ်ကို မိသားစုက စိုးရိမ်ပူပန် နေပြီး ဖမ်းဆီးခံရတဲ့အမှုအတွက်လည်း ဥပဒေကြောင်းအရ တရားမျှတမှုရရှိအောင် အကျိုးဆောင် ရှေ့နေတွေ လိုက်ပါကူညီဆောင်ရွက်နိုင်ဖို့  အခွင့်အရေးလည်း မရဖြစ်နေပါတယ်။ 

ဒီဗွီဘီသတင်းထောက် ကိုအောင်စံလင်းကို စစ်ကောင်စီတပ်ဖွဲ့အင်အား ၂၀ လောက်က ဒီဇင်ဘာ ၁၁ ရက်ည သန်းခေါင်လောက်မှာ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ပင်းဇင်းကျေးရွာ သူ့ရဲ့နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

အဲ့ဒီနောက် ဝက်လက်မြို့နယ် ရဲစခန်းမှာ ထားရှိခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက် ညနေပိုင်းလောက်မှာ ရွှေဘိုမြို့ စစ်ကြောရေး ခေါ်ဆောင်သွားတယ်လို့ သတင်းကြားသိရပြီးတဲ့နောက် ဘာသတင်းမှလည်း ဆက်လက်စုံစမ်းလို့ မရခဲ့သလို ရွှေဘိုထောင်ကိုလည်း မရောက်သေးဘူးလို့ သိရပါတယ်။

ဒီဗွီဘီက စာရင်းပြုစုထားတဲ့ အချက်အလက်တွေအရ စစ်အာဏာသိမ်းမှုနောက်ပိုင်း သတင်းထောက် ၁၂၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင် အသီးသီးကနေ လွတ်ငြိမ်းချမ်းသာခွင့် အပါအဝင် ပြန်လည်လွတ်မြောက်လာသူ သတင်းထောက် ၇၀ ကျော် ရှိတယ်လို့ သိရပါတယ်။

သတင်းထောက် အယောက် ၃၀ ကတော့ ဆက်လက် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ဓာတ်ပုံသတင်းထောက်တစ်ဦးကတော့ စစ်ကြောရေးမှာ သေဆုံးခဲ့ပါတယ်။

ဖမ်းဆီးခံထားရဆဲဖြစ်တဲ့ သတင်းထောက်တွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (က)၊ မတည်ငြိမ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က စတဲ့ ပြစ်ဒဏ်ကြီးလေးတဲ့ ပုဒ်မတွေနဲ့ စစ်ကောင်စီက အမှုဖွင့်ထားပါတယ်။

ကိုအောင်စံလင်း အပါအဝင် ဖမ်းခံထားရတဲ့ တချို့သတင်းထောက်တွေကတော့ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်မရ အမှုဖွင့်ခံထားရတဲ့ ပုဒ်မတွေလည်း မရှိသေးဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013