DVB Logo
Home
မြန်မာသတင်း
လူမျိုးကြီးဝါဒ၊ အာဏာရှင်ဝါဒကို အမြစ်ပြတ်ချေမှုန်းရန် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ တိုက်တွန်း
DVB
·
January 1, 2022
လူမျိုးကြီးဝါဒ၊ အာဏာရှင်ဝါဒကို အမြစ်ပြတ်ချေမှုန်းရန် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ တိုက်တွန်း
1 / 2
Donate to DVB

မြန်မာနိုင်ငံသား ပြည်သူအပေါင်းတို့ လူမျိုးကြီးဝါဒ၊ အာဏာရှင်ဝါဒနဲ့ စနစ်တွေကို အမှန်တကယ် အမြစ်ပြတ်ချေမှုန်းနိုင်ရင် မျှော်လင့်ကြိုးစားနေတဲ့ နိုင်ငံရေးမျှော်မှန်းချက်ကို ရောက်ရှိတော့မှာ ဖြစ်တဲ့အတွက် ကျရာအခန်းကဏ္ဍကနေ အားလုံးအားသွန်ခွန်စိုက် ကြိုးစားပါဝင်ကြဖို့  ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက နှစ်သစ်မိန့်ခွန်းမှာ  တိုက်တွန်းပြောကြားလိုက်ပါတယ်။ 

ဒါ့အပြင် မိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီးအင်ဘန်လက   "စစ်ကောင်စီဟာ အထီးကျန်တဲ့ အဖွဲ့အစည်းတစ်ခုလို ဖြစ်နေပြီး အဲ့လိုဖြစ်လာဖို့ ပါဝင်တိုက်ခိုက်တွန်းလှန်နေကြတဲ့ အဖွဲ့အစည်းအားလုံးနဲ့ လူပုဂ္ဂိုလ်အားလုံးကို ချီးမွမ်းပါတယ်။ တောင်ပေါ်မြေပြန့် ပြည်သူလူထုတစ်ရပ်လုံးက စစ်အာဏာရှင် ဘုံရန်သူအဖြစ်သတ်မှတ်ပြီး တိုက်ခိုက်တွန်းလှန်နေတာကြောင့် အနာဂတ်မှာ မြန်မာ့နိုင်ငံရေး အခင်းအကျင်း အသစ်ထွက်ပေါ်လာမယ့် လက္ခဏာကောင်း ဖြစ်တယ်" လို့  ပြောပါတယ်။ 

စစ်ကောင်စီဟာ တိုင်းပြည်အာဏာထိန်းနိုင်ဖို့ တောင်ပေါ်မြေပြန့်ဒေသက ပြည်သူလူထုကို ကောက်ကျစ်ယုတ်ညံ့တဲ့နည်းမျိုးစုံနဲ့ ပြည်သူလူထုကို နှိပ်စက်သတ်ဖြတ်နေကြောင်း၊ ၂၀၂၁ ခုနှစ်အတွင်း ပြည်သူလူထုတစ်ရပ်လုံးက ရရာလက်နက်တွေကို တီထွင်ဖန်တီးထုတ်လုပ်ပြီး စစ်ကောင်စီကို တိုက်ခိုက်တွန်းလှန်နေကြတယ်လို့ ဆိုပါတယ်။ 

ပြည်တွင်းပြည်ပက ပြည်သူလူထုတစ်ရပ်လုံးက စစ်အာဏာရှင်ကို တွန်းလှန်ဖို့ ကျရာအခန်းကဏ္ဍက ပါဝင်နေတာကို တွေ့မြင်နိုင်ကြောင်း၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) အနေနဲ့လည်း ဒီနိုင်ငံရေးအခင်းအကျင်းမှာ တတ်နိုင်တဲ့ဘက်က ကြိုးစားအားထုတ်ပါဝင်နေကြောင်း ဗိုလ်ချုပ်ကြီးအင်ဘန်လက ကချင်ဘာသာနဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"စစ်ကောင်စီကို တိုက်ခိုက်တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့နဲ့ အသင်းအဖွဲ့အသီးသီးကို မှာကြားလိုတာက ပြည်သူလူထုနဲ့ သက်ဆိုင်တဲ့နေရာတွေ ကျောင်း၊ ဆေးရုံနဲ့ အခြားစစ်ဘက်နဲ့ တိုက်ရိုက်မပတ်သတ်တဲ့ နေရာနဲ့ လူတွေကို သတ်ဖြတ်တာ၊ ခြိမ်းခြောက်တာ၊ ဗုံးဖောက်ခွဲတာတွေ မဖြစ်စေဖို့ သတိထား ဆောင်ရွက်စေလိုပါတယ်။ တော်လှန်ရေးလုပ်နေသူတွေကို ကမ္ဘာက အပြစ်ပေးအရေးယူတာတွေ မရှိစေဖို့ မှန်ကန်တဲ့ဥပဒေတွေကို လိုက်နာဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်" လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013