DVB Logo
Home
မြန်မာသတင်း
ရက္ခိုင်ဘုရင့်အချုပ်အခြာကျဆုံးခြင်း ၂၃၇ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားကျင်းပ
DVB
·
January 1, 2022
ရက္ခိုင်ဘုရင့်အချုပ်အခြာကျဆုံးခြင်း  ၂၃၇ နှစ်မြောက်  အောက်မေ့ဖွယ်အခမ်းအနားကျင်းပ
1 / 5
Donate to DVB

ဒီဇင်ဘာ ၃၁ ရက်မှာ ကျရောက်တဲ့ ၂၃၇ နှစ်မြောက် ရက္ခိုင်ဘုရင့်အချုပ်အခြာ ကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားကို ရခိုင်ပြည်နယ်တဝန်း ကျင်းပခဲ့ကြပါတယ်။

အောက်မေ့ဖွယ် အခမ်းအနားတွေကို ကျောက်ဖြူ၊ အမ်း၊ စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောစတဲ့မြို့နယ်တွေအပြင် စစ်တွေ တက္ကသိုလ်နဲ့ ရခိုင်အမျိုးသားပါတီရုံးတို့မှာပါ ကျင်းပခဲ့ကြတာပါ။

မောင်တောမြို့မှာ ဦးဆောင်ကျင်းပသူ ရခိုင်စည်တော်အသင်းနာယက ဦးဘိုဟန်သိန်းက "ဆီမီး ပူဇော်ရတာက ရခိုင်တစ်ပြည်နယ်လုံးကို ရည်ရွယ်ပြီး မီးထွန်းညှိကြတာ ဖြစ်တယ်။ ဒီဇင်ဘာ ၃၁ ရက်ဟာ  ရခိုင်နိုင်ငံတော်အချုပ်အခြာ အာဏာကျဆုံးရတဲ့နေ့ ဖြစ်ပါတယ်။ ဒီနေ့ကို ရခိုင်တစ်ပြည်နယ်လုံးက ရခိုင်ပြည်သူတွေက အောက့်မေ့တမ်းတတဲ့အနေနဲ့ အခုလို မြို့ဦးရွာ ဘုန်းတော်ကြီးကျောင်းတိုက်မှာ ဆီမီးပူဇော်ရတာဖြစ်ပါတယ်။ နောက်နောင်တွင်လည်း အခုလို အောက်မေ့ဖွယ်အခမ်းအနားတွေ လုပ်ကြဖို့ မျှော်လင့်မိပါတယ်"လို့ ပြောပါတယ်။

အဲဒီအထိမ်းအမှတ်ပွဲမှာ ရခိုင်သမိုင်းစာပေ အထောက်အထားတွေနဲ့တကွ မြောက်ဦးခေတ် သရုပ်ပြ ပန်းချီကားတွေကို  လူငယ်တွေ လေ့လာနိုင်ဖို့ ပြသထားပါတယ်။ 

ဆရာတော် သံဃာတော်တွေက ပရိတ်တရားတော်တွေဟောကြားတာ၊ အာရက္ခနိုင်ငံသီချင်း ဖွင့်တာ၊ ရက္ခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်းနေ့မှာ ဖယောင်းတိုင်မီးထွန်း ဆုတောင်းခြင်း၊ ရခိုင်ခေါင်းဆောင်တွေကို တစ်မိနစ်ခန့်ငြိမ်သက် အလေးပြုတာ၊ ကဗျာဆရာ တချို့က ကဗျာရွတ်ဆိုတာ၊ ရခိုင်သမိုင်းစာပေအထောက်အထားတွေနဲ့တကွ မြောက်ဦးခေတ်သရုပ်ပြ ပန်းချီကားတွေကို  လူငယ်တွေ လေ့လာနိုင်ဖို့ ပြသခဲ့ကြပါတယ်။

ရခိုင်တို့ရဲ့ ရှေးဟောင်းမင်းနေပြည်တော် မြောက်ဦးဟာ အေဒီ ၁၄၃၀ ခုနှစ်မှာ ရခိုင်ဘုရင် မင်းစောမွန်က တည်ထောင်ခဲ့ပြီး အေဒီ ၁၇၈၄ ခုနှစ် နှစ်ပေါင်း ၃၄၅ နှစ်အကြာမှာ ဘိုးတော်ဘုရား က ၀င်ရောက်  သိမ်းပိုက်ရာက ရခိုင်ဘုရင့်နိုင်ငံတော် နိဂုံးချုပ်ခဲ့ရတာပါ။ 

ရခိုင်ဘုရင့်နိုင်ငံတော်အချုပ်အခြာ အာဏာကျဆုံးခြင်းနေ့ကို ရခိုင်လူမျိုးတွေအနေနဲ့ ပြည်တွင်းမှာ ၂၀၁၈ ခုနှစ်မတိုင်ခင်က ကျင်းပခွင့်မရခဲ့ဘဲ ပြည်ပနိုင်ငံတွေမှာသာ ကျင်းပခဲ့ကြတာပါ။ 

ဒီနှစ်မှာတော့ ရခိုင်ပြည်နယ်နယ်စပ် ဘင်္ဂလားဒေ့ရှိနိုင်ငံ၊ ကော့ဇ်ဘဇားခရိုင်၊ ကယူချောင်းမြို့နဲ့ ဖလောင်းချိတ်မြို့များမှာပါ စည်ကားစွာကျင်းပခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013