DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တဝန်း တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် စစ်ကောင်စီကို နိုင်ငံတကာ တောင်းဆို
DVB
·
December 25, 2021
မြန်မာပြည်တဝန်း တိုက်ခိုက်မှုများ ချက်ချင်းရပ်တန့်ရန် စစ်ကောင်စီကို နိုင်ငံတကာ တောင်းဆို
Donate to DVB

စစ်အာဏာရှင်အနေနဲ့ ကရင်ပြည်နယ်နဲ့ နိုင်ငံတဝန်း အဆင်အခြင်မဲ့ တိုက်ခိုက်တာတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ အရပ်သားပြည်သူအားလုံးကို နိုင်ငံတကာဥပဒေနဲ့အညီ ဘေးကင်းလုံခြုံစေဖို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်တွေနဲ့ အမေရိကန်၊ ဗြိတိန် စတဲ့နိုင်ငံတွေက တောင်းဆိုပါတယ်။ 

လတ်တလော ကရင်ပြည်နယ်ထဲမှာ အရပ်သားပြည်သူတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ ဒီဇင်ဘာ ၂၄ ရက်က ပူးတွဲထုတ်ပြန်တာဖြစ်ပြီး စစ်အာဏာရှင်ရဲ့ နိုင်ငံတဝန်း ကျူးလွန်ထားတဲ့ ပြင်းထန်ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေကို ရှုတ်ချတယ်လို့ ဆိုပါတယ်။ 

မကြာသေးခင်က ကရင်ပြည်နယ်ထဲက ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်တာအပါအဝင် အရပ်သား ပြည်သူတွေကိုအပေါ် ကျူးလွန်တိုက်ခိုက်တာဟာ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေတာဖြစ်ပြီး ဒါကို ချက်ချင်းရပ်တန့်ရမယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်တာတွေကြောင့် ထောင်ချီတဲ့ ပြည်သူတွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေရပြီး သူတို့အတွက်  လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ နိုဝင်ဘာ ၁၀ ရက် သတင်းထုတ်ပြန်ချက်အရ အကူအညီ လိုအပ်နေတဲ့ပြည်သူအားလုံး လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ အပြည့်အစုံကို ဘေးကင်းလုံခြုံပြီး အတားအဆီးအဟန့်အတားမရှိဘဲ လက်လှမ်းမီရရှိစေဖို့နဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို အပြည့်အဝကာကွယ်ပေးပြီး ဘေးကင်း လုံခြုံစိတ်ချရေးအတွက်လည်း ထပ်တူတောင်းဆိုတယ်လို့ ဆိုပါတယ်။

ဒီကြေညာချက်ကို ဩစတေးလျ၊ ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ သံရုံးတွေဖြစ်တဲ့ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နဲ့ ဆွီဒင်နိုင်ငံတို့အပြင် ဆွစ်ဇာလန်၊ နော်ဝေ၊ ယူကေနဲ့ အမေရိကန်တို့က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေ၊ သံရုံးယာယီတာဝန်ခံတွေနဲ့ သံရုံးအကြီးအကဲတွေက ပူးပေါင်း လက်မှတ်ရေးထိုးတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013