DVB Logo
Home
မြန်မာသတင်း
အာဏာသိမ်းစစ်ခေါင်းဆောင်မိသားစုပိုင် ရတနာပုံခန်းမအနီး ဗုံးပေါက်ကွဲ
DVB
·
December 25, 2021
အာဏာသိမ်းစစ်ခေါင်းဆောင်မိသားစုပိုင် ရတနာပုံခန်းမအနီး ဗုံးပေါက်ကွဲ
Donate to DVB

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင်မိသားစုပိုင်  ရတနာပုံခန်းမအနီးမှာ  ဒီဇင်ဘာ ၂၅ ရက် မနက် ၇ နာရီ ကျော်လောက်က  ဗုံးပေါက်ကွဲခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတယောက်  ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

အနီးပတ်ဝန်းကျင်ရှိပြည်သူတယောက်က “မနက်ကတော့ ဗုံးသံအကျယ်ကြီးကြားတယ်။ ရတနာပုံ ခန်းမနားမှာ ကွဲတာ။ ခန်းမရှေ့ ၃၈ လမ်း တစ်ခြမ်းကို အတားအဆီးတွေ ချထားတယ်။ အရင်က အစောင့်စစ်သားတွေ ရှိတယ်။ အခုတော့ မတွေ့ဘူး။” လို့ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာတွေရရှိခဲ့တဲ့အမျိုးသမီးဟာ ပုသိမ်ကြီးမြို့နယ်အတွင်း နေထိုင်သူဖြစ်ပြီး ဂျက်ဖာလိုက်ကောက်သူဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးမြို့ ၃၈ လမ်းနဲ့ ၇၈ လမ်းထောင့်မှာ တည်ရှိတဲ့ ရတနာပုံခန်းမ မြေနေရာဟာ အရင်က စစ်တပ်ပိုင်မြေဖြစ်ခဲ့သလို၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သားက ဒီခန်းမကို ဦးဆောင်ဖွင့်လှစ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက်က မန္တလေးမြို့ရဲ့ အကြီးဆုံးခန်းမဖြစ်တဲ့  ရတနာပုံခန်းမ ဖွင့်ပွဲကျင်းပခဲ့ရာမှာ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013