DVB Logo
Home
မြန်မာသတင်း
မကွေးမြို့တွင် မျှဝေခြင်းအစီစဥ်က ထမင်းအဝစား ၅၀၀ ကျပ်ဖြင့် ရောင်းချ
DVB
·
December 24, 2021
မကွေးမြို့တွင် မျှဝေခြင်းအစီစဥ်က ထမင်းအဝစား ၅၀၀ ကျပ်ဖြင့် ရောင်းချ
1 / 10
Donate to DVB

မကွေးမြို့မှာ မျှဝေခြင်းအစီစဥ်က ဦးဆောင်ပြီး ပြည်သူတွေအတွက် ဇလုံထမင်းအဝစား ၅၀၀ ကျပ်နဲ့ ရောင်းချပေးနေတယ်လို့ အဲဒီအဖွဲ့ကနေ သိရပါတယ်။

ပြည်သူမှ ပြည်သူတို့မျှဝေခြင်း အစီစဥ်ကနေ ပြည်တွင်းပြည်ပ အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး ဒီဇင်ဘာ ၁၅ ရက်နေ့ကနေစကာ ဇလုံထမင်း အဝစား ၅၀၀ ကျပ်နဲ့ အရှုံးခံပြီးတော့ ရောင်ချပေးနေတယ်လို့ မျှဝေခြင်အဖွဲ့ ရဲ့ ဦးဆောင်သူ ကိုနေမိုးဆွေကျော်က ပြောပါတယ်။

“အစပိုင်းမှာတော့ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေအတွက် လိုလျင်ယူ ပိုလျင်လှူဆိုတဲ့ အစီစဥ်နဲ့ အခမဲ့လုပ်ကြည့်သေးတယ်။ စည်းကမ်းလေး နည်းနည်း ပျက်လာတာကြောင့် အခု ရက်ပိုင်းအတွင်းမှာ အဝစား ၅၀၀ ကျပ်နဲ့ ရောင်းချပေးနေတာ။ ထမင်းကတော့ အဝစား အသားဟင်းတစ်တုံးနဲ့ အရံဟင်းနဲ့ အနှစ်ကတော့ ထပ်ထည့်ပေးတယ်ဗျ။ ပါဆယ်ဝယ်တဲ့ သူတွေအနေနဲ့ ထည့်စရာပါရင် ၅၀၀ ကျပ်နဲ့ ရောင်းချပေးပြီးတော့ ဒီကနေ့ ဖော့ဘူးနဲ့ထည့်ပေးရင် ၆၀၀ ကျပ်စီယူတယ်။”

လက်ရှိကာလမှာ ပြည်သူတွေ အလုပ်ကိုင်အခွင့်လမ်းနည်းပါးပြီး ဝင်ငွေမရှိကြတာကြောင့် ဆင်းရဲနွမ်းပါတဲ့ မိသားစုတွေအတွက် ရည်ရွယ်ပြုလုပ်ပေးတာဖြစ်ပြီး တနေ့ကို လူဦးရေ ၅၀၀ လောက်ရောင်းရတယ်လို့ ဆိုပါတယ်။

မကွေးမြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ဆင်းရဲနွမ်းပါးတဲ့ ပြည်သူတွေကိုလည်း တနေ့ကို ထမင်းဟင်းပွဲ ၆၀ လောက် လိုက်လံလှူဒါန်းပေးနေသလို ကလေးသူငယ်၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းတွေကိုလည်း အခမဲ့ ကျွေးမွေးပေးနေတယ်လို့ ပြောပါတယ်။

အောင်မေတ္တာရပ်ကွက်က ကိုမောင်မြင့်က "မျှဝေခြင်းအစီစဥ်ကနေ ထမင်းအဝစား ၅၀၀ ကျပ်နဲ့ သွားစားရတာ တော်တော်အဆင်ပြေတယ်ဗျ။ အသားဟင်း တမျိုးဆိုပေမယ့် ဆိုင်ကြီးတွေမှာလို အရသာရှိရှိ ချက်ပြုတ်ထားပြီးတော့ အရံဟင်းနဲ့ အသားဟင်းအနှစ်တွေ ထပ်လိုက်ပေးတဲ့ အတွက် အတော်ကိုကောင်းပါတယ်။ ဒီခေတ်ကြီးထဲမှာ ထမင်းအဝစား ၅၀၀ ကျပ်ဆီုတာ ကျနော်တို့အနေနဲ့ အိမ်မက်တောင်မမက်ဖူးဘူး။ အခုလို ကျွေးမွေးရောင်းချပေးတဲ့ မျှဝေခြင်း အစီစဥ်ကိုလည်း အထူးကျေးဇူးတင်တယ်” လို့ ပြောပါတယ်။

ပြည်သူမှပြည်သူသို့ မျှဝေခြင်းအစီစဥ်ဟာ မကွေးမြို့ဒေသခံတွေရဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ စားဝတ်နေရေး ကိစ္စရပ်တွေမှာ ပြည်တွင်းပြည်ပ အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013