DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် အရေးပေါ်သတိပေး
DVB
·
December 23, 2021
ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် အရေးပေါ်သတိပေး
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆာလင်းကြီးမြို့နယ် ဆားလင်းကြီး-ညောင်ပင်ကြီးသွား လမ်းပိုင်းကို ဒီဇင်ဘာ ၂၃ ရက်နေ့ မနက် ၉ နာရီအချိန်ကစတင်ပြီး ဒေသခံပြည်သူတွေ မသွားလာကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်က အရေးပေါ် အသိပေးချက် ထုတ်ပြန်ထားပါတယ်။

“ကျနော်တို့ အခုလိုထုတ်ပြန်ရတာကတော့ စစ်ကောင်စီတပ်တွေက ညောင်ပင်ကြီးနဲ့ ဆာလင်းကြီးသွားလမ်းမှာ ဒေသခံတွေကို ဖမ်းစီးစစ်ဆေးတာတွေလည်းရှိနေတယ်။ နောက်ပြီး အရပ်သားဟန်ဆောင်ပြီး သတင်းစုံစမ်းတွေလည်းရှိနေတယ်။ အဓိကတော့ ကိုယ့် ဒေသခံပြည်သူတွေ အဖမ်းအဆီးအနှိပ်စက်မခံရအောင်လို့ အခုလိုအရေးပေါ်ထုတ်ပြန်ရတာဖြစ်တယ်။ စစ်ကောင်စီရဲ့ လှုပ်ရှားမှုအခြေအနေပေါ်ကြည့်ပြီး ကျနော်တို့ လမ်းပြန်လည်အသုံးပြုဖို့ရာ အသိပေးထုတ်ပြန်သွားမယ်” လို့ ဆားလင်ကြီးပြည်သူကာကွယ်ရေးတပ်ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကလည်း ညောင်ပင်ကြီးရဲစခန်းကို  အာဏာသိမ်းပြီး ၂ လကျော်‌ကြာ ဧပြီလလောက်ကတည်းက ဆားလင်းကြီးမြို့ပေါ်  မြို့မစခန်းနဲ့ ပြန်ပေါင်းထားခဲ့ပြီး ဒီဇင်ဘာ ၂၂ ရက်နေ့ မနက် ၁၀ နာရီလောက် ပြန်လည်တပ်စွဲထားတာကြောင့် ဆားလင်းကြီး ရဲစခန်းအနီး ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ဒေသခံ ပြည်သူကာကွယ်ရေးအဖွဲ့က ဆားလင်းကြီး-ညောင်ပင်ကြီးလမ်းပိုင်းကို ယာယီပိတ်ဆို့ခဲ့တဲ့အပေါ် ဒေသခံပြည်သူတစ်ဦးက အခုလို ပြောပါတယ်။

“လမ်းပိတ်ဆို့လို့ အခက်အခဲဖြစ်တာထက် ကျနော်တို့ မကြိုက်တဲ့ စစ်အာဏာရှင်အုပ်ချုပ်နေတာလောက် အခက်အခဲ မကြီးမားဘူးဗျ။ သူတို့တတွေလည်း အာဏာရှင်ကို တော်လှန်တဲ့နေရာမှာ အသက်ကိုရင်းပြီး ပြည်သူအတွက် တော်လှန်နေရတာ။ ကိုယ့်အခက်အခဲကတော့ အသေးအမွှားလေးပါ။ ကျနော်တို့ကတော့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တိုင်းကို လက်ခံလိုက်နာသွားမယ်။” 

စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာလအတွင်း စစ်ကိုင်းတိုင်းကို နယ်မြေစိုးမိုးမှုရအောင် ‌အင်အားအလုံးအရင်းနဲ့ ဒေသခံတွေအပေါ် ဖိနှိပ်နေကာ ‌ကျေးရွာအတွင်းက နေအိမ်တွေပါ မီးရှို့တာတွေလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မြေပြင်စစ်ကြောင်းတွေမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြုလုပ်သလို လေယာဉ်တွေနဲ့လည်း ပစ်ခတ်တိုက်ခိုက် ခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013