DVB Logo
Home
မြန်မာသတင်း
နေပြည်တော်ရှိ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရုံးကို စစ်ကောင်စီက ဆက်ဖွင့်ခွင့်မပြု
DVB
·
December 21, 2021
နေပြည်တော်ရှိ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရုံးကို စစ်ကောင်စီက ဆက်ဖွင့်ခွင့်မပြု
Donate to DVB

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စခရစ္စတင်းရှရာနာ ဘာဂီနာရဲ့ရုံးခန်းကို ဆက်ဖွင့်ခွင့်မပြုတော့ဘူးလို့ စစ်ကောင်စီ ပြန်ကြားရေးက ဒီဇင်ဘာ ၂၀ ရက်မှာ သတင်းထုတ်ပါတယ်။   

မစ္စဘာဂီနာရဲ့ တာဝန်ပြီးဆုံးပြီဖြစ်ကြောင်း သိရှိရလို့ သူ့ရဲ့ရုံးခန်းကို  မြန်မာနိုင်ငံမှာ ဆက်လက်ထားရှိ ခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့ကြောင်း  စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနမှ ကုလသမဂ္ဂထံ ဒီဇင်ဘာ ၂၀ ရက်က  အကြောင်းကြားထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရုံးကို စစ်ကောင်စီက ဆက်ဖွင့်ခွင့်မပေးဘဲ ပိတ်လိုက်တဲ့ အပေါ် ကုလသမဂ္ဂဘက်က ပြန်လည်တုံ့ပြန်ပြောဆိုတာ မတွေ့ရသေးပါဘူး။ 

အန်အယ်လ်ဒီအစိုးရလက်ထက်က ကုလသမဂ္ဂနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ပြသတဲ့အနေနဲ့  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်  ရုံးခန်းကို နေပြည်တော်မှာ  ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က  စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်က မစ္စဘာဂီနာရဲ့နေရာမှာ  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ်အဖြစ် စင်ကာပူနိုင်ငံသူ ဝါရင့်သံတမန် မစ္စနိုလင်း ဟေဇာကို ခန့်အပ်ကြောင်း အောက်တိုဘာ ၁၅ ရက်က ကြေညာထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်သစ် မစ္စနိုလင်း ဟေဇာဟာလည်း မြန်မာနိုင်ငံကို လာရောက် ခွင့်မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013