DVB Logo
Home
မြန်မာသတင်း
သထုံမြို့တွင် ၆ နေရာဗုံးကွဲ ၊ လူ ၁ ဦး ထိခိုက်ဒဏ်ရာရ
DVB
·
December 20, 2021
သထုံမြို့တွင်  ၆ နေရာဗုံးကွဲ ၊ လူ ၁ ဦး ထိခိုက်ဒဏ်ရာရ
1 / 3
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့မှာ ဒီဇင်ဘာ ၂၀ ရက် ဒီမနက် ၆ နာရီကနေ  ၁၀ နာရီအထိ လဝကရုံးအပါအဝင် နေရာ ၆ နေရာမှာ ဗုံးပေါက်ကွဲပြီး  လူတယောက်  ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီ ကို ပြောပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုဟာ သထုံမြို့နယ် လဝကရုံး၊ ကညနရုံး အပါအဝင် စစ်တပ်ထုတ်ကုန်ရောင်းချနေတဲ့ စိုးမိုး Mobile ဖုန်းဆိုင်၊ သုဝဏ္ဏဘီယာဆိုင်၊ ရန်ကုန်နဲ့ပြည်တော်သာ အဖျော်ယမကာ အရောင်းဆိုင်တွေရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

သထုံမြို့နယ် လဝကရုံး ဗုံးပေါက်ကွဲမှုကြောင့် ခရီးသွားပြည်သူ တယောက်  ဗုံးစထိမှန် ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် လဝကရုံး၊ ကညနရုံး အပါအဝင် စစ်တပ်ထုတ်ကုန် ရောင်းချနေတဲ့ ဆိုင်တွေရဲ့ ခြံစည်းရိုးနဲ့ ဆိုင်ခန်းနေရာတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှု မဖြစ်ခင် မွန်-သထုံအထူးကာကွယ်ရေးတပ်ဖွဲ့က ပြည်သူတွေအနေနဲ့ လဝကရုံးနဲ့ ကညနရုံးတွေကို မသွားကြဖို့ သတိပေးထားပါတယ်။

ဒါ့အပြင် မွန်-သထုံအထူးကာကွယ်ရေးတပ်ဖွဲ့က ဒီဇင်ဘာ ၂၀ ရက်ကစပြီး စစ်တပ်ထုတ်ကုန်တွေ ဖြစ်တဲ့ မြန်မာဘီယာ၊ Red Ruby ဆေးလိပ်နဲ့ Mytel ဆင်းကတ် ရောင်းချနေတဲ့ ဆိုင်တွေအနား မသွားကြဖို့ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013