DVB Logo
Home
မြန်မာသတင်း
သထုံခရိုင် ကျေးရွာပေါင်း ၅၀ ကျော်တွင် ကရင်လူငယ်အစည်းအရုံး (KYO) ဖွဲ့စည်း
DVB
·
December 18, 2021
သထုံခရိုင် ကျေးရွာပေါင်း ၅၀ ကျော်တွင် ကရင်လူငယ်အစည်းအရုံး (KYO) ဖွဲ့စည်း
1 / 5
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)ရဲ့ လုပ်ငန်းစဥ်တွေမှာ တတ်စွမ်းတဲ့ဘက်က ပါဝင်ကူညီနိုင်ဖို့ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီလင်းမြို့နယ် တပ်မဟာ ၁ နယ်မြေမှာ ကျေးရွာအဆင့် ကရင်လူငယ်အစည်းအရုံး (Karen Youth Organization KYO)ကို ကျေးရွာပေါင်း ၅၃ ရွာမှာ ဖွဲ့စည်းလိုက်ပါတယ်။

ကရင်လူငယ်အစည်းအရုံး (KYO) ခရိုင်အဆင့်နဲ့ မြို့နယ်(KYO)တို့ပူးပေါင်းပြီး မြို့နယ်စည်းရုံးရေးနဲ့ ပြန်ကြားရေးဌာနရဲ့ ဦးဆောင်မှုနဲ့ ကျေးရွာအုပ်စု ၁၁ စုအတွင်းက ကျေးရွာပေါင်း ၅၃ ရွာကို ကျေးရွာအဆင့် ကရင်လူငယ်အစည်းအရုံး (KYO) ဖွဲ့စည်းပေးခဲ့တာပါ။

ဒေသခံ ကရင်လူငယ်တယောက်က ” ကျနော်တို့ရွာတွေမှာ ကရင်လူငယ်အစည်းအရုံး(KYO)တွေ များများဖွဲ့စည်းနိုင်ရင် ကောင်းတာပေါ့။ ကေအန်ယူရဲ့ ဖွဲ့စည်းပုံနဲ့ ဥပဒေတွေ၊ လုပ်ငန်းစဉ်တွေကိုလေ့လာမယ်။ ဒေသခံ ကရင်လူထုတွေရဲ့ ကိုယ်စား တတ်စွမ်းတဲ့ဘက်ကနေပြီးတော့ မိခင်ကေအန်ယူကို တတ်စွမ်းသလောက် ကူညီပေးသွားမယ်”လို့  ပြောပါတယ်။

ကျေးရွာအဆင့် (KYO)ဖွဲ့စည်းပေးပြီးနောက် လူထုအတွင်း ကရင့်သမိုင်း၊ လက်ရှိ နိုင်ငံရေးအခြေအနေ၊ ကေအန်ယူရဲ့လမ်းစဥ်၊ လုပ်ငန်းစဥ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအပြင် KYOရဲ့ လမ်းစဥ်၊ လုပ်ငန်းစဥ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို အသိပညာပေး ဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013