DVB Logo
Home
မြန်မာသတင်း
တန့်ဆည်မြို့ ၌ ရဲ ၄ ဦး မိုင်းထိမှန်၊ မင်းဘူး-စကုမြို့နယ်တွင် ဓာတ်အားပေးတိုင် ဖောက်ခွဲဖျက်ဆီးခံရ
DVB
·
December 18, 2021
တန့်ဆည်မြို့ ၌ ရဲ ၄ ဦး မိုင်းထိမှန်၊ မင်းဘူး-စကုမြို့နယ်တွင် ဓာတ်အားပေးတိုင် ဖောက်ခွဲဖျက်ဆီးခံရ
1 / 2
Donate to DVB

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာ ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းက ဆိုင်ကယ် ၂ စီးနဲ့ စျေးဝယ်ထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်  ၄ ဦး မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

“တန့်ဆည်မြို့တော်ခန်းမနဲ့ စာကြည့်တိုက်အကြားမှာ မိုင်းဆွဲတိုက်ခိုက်လိုက်လို့ ရဲလေးယောက် အပြင်းအထန်ဒဏ်ရာ ရသွားကြတယ်။ ကျနော်တို့ ရဲဘော်တွေ လုံခြုံတဲ့နေရာ အမြန်ရှောင်လိုက်ရလို့ ရဲ ၄ ယောက် သေ၊ မသေအတည်မပြုနိုင်ဘူး” လို့ Phoenix Defence Force – Taze (တန့်ဆည်မီးငှက်) အဖွဲ့တာဝန်ခံက ပြောပြပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ယောက်စလုံး ထိခိုက်ဒဏ်ရာရရှိခဲ့တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။

ဒီဇင်ဘာ ၁၂ ရက်ကလည်း တန့်ဆည်မြို့၊ ရွှေဒေါင်းမင်းဆီဆိုင်နားမှာ စစ်ဆေးရေး လုပ်ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားပြီး အများအပြားဒဏ်ရာရရှိသွားကြပါတယ်။

မကွေးတိုင်း၊ မင်းဘူး-စကုမြို့နယ်၊ ကုန်းသာကျေးရွာအနီးမှာတော့ စစ်လက်နက်စက်ရုံကို သွယ်တန်းတဲ့ လျှပ်စစ်ဓာတ်အားပေးတိုင်တတိုင် ဒီဇင်ဘာလ ၁၈ ရက် ဒီနေ့ မနက် ၅ နာရီဝန်းကျင်က ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။

မင်းဘူး-စကု PDF ဘီလူးစစ်ဆင်ရေးအထူးတပ်ဖွဲ့တာဝန်ခံက “အဲဒီတာဝါတိုင်ကို ဒီနေ့မနက်ပိုင်းမှာ ပြင်းအားမြင့်မိုင်းတလုံးနဲ့ ဖောက်ခွဲခဲ့တာ၊ တိုင်ပျက်စီးသွားပြီး  သူတို့စက်ရုံလည်း မီးပျက်သွားတယ်” လို့ပြောပါတယ်။

ပြည်သူလူထုအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးဝေးနေကြဖို့၊ သူတို့နဲ့ ပတ်သက်ဆက်နွှယ်တဲ့ နေရာတွေမှာ သွားလာတာရှောင်ကြဉ်ကြဖို့  မင်းဘူး-စကု PDF က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013