DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီနှင့် ဆမ်ဆောင်း၊ အယ်လ်ဂျီကုမ္ပဏီတို့ တွေ့ဆုံဆွေးနွေးမှုကို မစ္စယန်ဟီးလီ ပြစ်တင်ရှုတ်ချ
DVB
·
December 17, 2021
စစ်ကောင်စီနှင့် ဆမ်ဆောင်း၊ အယ်လ်ဂျီကုမ္ပဏီတို့ တွေ့ဆုံဆွေးနွေးမှုကို မစ္စယန်ဟီးလီ ပြစ်တင်ရှုတ်ချ
Donate to DVB

မြန်မာပြည်အခြေစိုက် ကိုရီးယားသံရုံးမှ အဆင့်မြင့်အရာထမ်းတွေနဲ့အတူ ဆမ်ဆောင်းနဲ့ အယ်လ်ဂျီ  ကုမ္ပဏီမှ အမှုထမ်းတွေဟာ စစ်ကောင်စီခန့် အရပ်ဘက်ဝန်ထမ်းတွေနဲ့ ပြီးခဲ့တဲ့လက တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ Financial Times သတင်းစာမှာ ဖော်ထုတ်ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး  သမ္မတမွန်းဂျေအင်း အစိုးရအဖွဲ့ လူ့အခွင့်အရေးရှေ့နေတဦးက ရှုတ်ချနေတဲ့ကြားက အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့တာပါ။

ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေ့ဆုံညှိနှိုင်းပွဲမှာ စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဦးဆောင်ပြီး ကုန်သည်စက်မှု အသင်းချုပ်နှင့်အတူ ကိုရီးယားကုန်သည်အသင်းတို့မှ တာဝန်ရှိသူတွေနဲ့ Samsung Electronics၊ LG Electronics ၊ steelmaker Posco မှ အမှုဆောင်အရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။ 

ဆွေးနွေးပွဲကို Posco မှ မြေငှားရမ်းထားရှိတဲ့ ရန်ကုန်မြို့ရှိ  Lotte Hotel မှာကျင်းပခဲ့ပြီး ဒီဟိုတယ်တည်ဆောက်ဖို့ မြေနေရာကို တပ်ထောက်ချုပ်ရုံးက  ငှားရမ်းပေးထားတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အဖွဲ့အစည်းဆိုင်ရာ ရင်းနှီးမြှုပ်နှံသူတွေက စစ်ကောင်စီအား သီးခြားထားရှိဖို့ နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေဆီ တိုက်တွန်းတောင်းဆိုထားကြပြီး ပြည်တွင်းမှ နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်တွေကလည်း စစ်ကောင်စီခန့်အမှုထမ်းတွေနဲ့ ထိတွေ့ဆက်ဆံမှုမရှိအောင် ရှောင်ရှားနေကြတာပါ။

တဖက်မှာလည်း စစ်တပ်အာဏာသိမ်းပြီးကတည်းက အနောက်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ အီးယူနဲ့ ယူကေတို့က စစ်တပ်နဲ့ ဆက်နွှယ်တဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေအပေါ် ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုတွေ ဆောင်ရွက်နေတာရှိပါတယ်။ အမေရိကန်၊ ယူကေနှင့်က နေဒါနိုင်ငံတို့က ပြီးခဲ့တဲ့ရက်သတ္တပတ်ကပဲ တပ်ထောက်ချုပ်ရုံးကို စီးပွားရေးပိတ်ဆို့ခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်း ယန်ဟီးလီကလည်း “ဒီအစည်းအဝေးကို Lotte Hotel မှာကျင်းပခဲ့ပြီး ကိုရီးယားကုန်သည်ကြီးများအသင်းမှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တာက ရှက်စရာပါ။ ဆိုလိုတာက ဒီတရားမဝင်စစ်ကောင်စီကို တရားဝင်မှုပေးနေတာလို့ ဆိုလိုတာပါ” လို့ Financial Times သတင်းစာအား ပြောပါတယ်။

အစည်းအဝေးမှာ ပါဝင်တက်ရောက်ခဲ့တဲ့ Posco International ကုမ္ပဏီကတော့ ကျနော်တို့ အနေနဲ့ လုပ်ငန်းဆောင်ရွက်တဲ့ အခါ တွေ့ကြုံနေရတဲ့ အခက်အခဲတွေအတွက် ဆွေးနွေးဖို့အလို့ငှာ အစည်းအဝေးမှာ ပါဝင်ခဲ့တာဖြစ်ပြီ  စစ်တပ်မှ အာဏာ သိမ်းပြီးကတည်းက စီးပွားရေးစာချုပ်အသစ်တွေ  မပြုလုပ်ထားကြောင်း အတည်ပြုပြောဆိုခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတဦးကလည်း မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ကတည်းက တောင်ကိုရီးယားအစိုးရက အရပ်သားတွေအပေါ် အကြမ်းဖက်မှုကို အဆုံးသတ်ဖို့ ၊ ထိန်းသိမ်းခံထားရသူတွေကို လွှတ်ပေးဖို့နဲ့ မြန်မာ့ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် တစိုက်မတ်မတ် တောင်းဆိုခဲ့တာပါ။

ဒါ့အပြင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို တက်ကြွစွာ အားပေးထောက်ခံနေတာပါ လို့ဆိုပါတယ်။

တောင်ကိုရီးယားနိုင်ငံမှ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဆိုင်ရာဝန်ကြီး Kwon Chil-seung က “SME လုပ်ငန်းရှင်တွေ မြန်မာနိုင်ငံဆီ သွားဖို့၊မသွားဖို့ မပြောနိုင်ပါဘူး။ သူ့တို့ဘာသာ ဆုံးဖြတ်ပါလိမ့်မယ်။ ဒါက မြန်မာနိုင်ငံမှာ သူတို့အတွက် လိုအပ်ချက်က ဘယ်လောက်ခိုင်မာမှုရှိသလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်” လို့ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်ကတော့ အာဏာသိမ်း စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန အပါအဝင် ကုန်သည်စက်မှုအသင်းချုပ်နဲ့  နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူတွေဟာ မကြာသေးမီက တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့တာကို သိရှိထားတဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနဲ့ အုပ်ချုပ်မှုစနစ်ကောင်းတွေမရှိတဲ့အပြင် သွေးစိမ်းတွေ ပေကျံနေတဲ့ စစ်တပ်ရဲ့ လက်တွေကို သက်ဝင်လှုပ်ရှားနိုင်တဲ့ အပြုအမှုမျိုး မဖန်တီးကြဖို့နဲ့ နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း မိမိတို့ရဲ့ ကောင်းမွန်တဲ့စီးပွားရေး အလေ့အထကောင်းတွေကို စစ်တပ်ထိန်းချုပ်မှုအောက်မှာ မလုပ်ကြဖို့ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013