DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတကာကသတ်မှတ်ကြရန် ကုလအရာရှိဟောင်းများ တိုက်တွန်း
DVB
·
December 15, 2021
စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတကာကသတ်မှတ်ကြရန် ကုလအရာရှိဟောင်းများ တိုက်တွန်း
Donate to DVB

မြန်မာစစ်ကောင်စီဟာ  နိုင်ငံတကာဥပဒေနဲ့ ပြည်တွင်းဥပဒေ ပြဋ္ဌာန်းချက်တွေအရ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် နိုင်ငံတကာအဝန်းအဝိုင်းက သတ်မှတ်ကြဖို့ မြန်မာ့အရေးဆိုင်ရာ ကုလသမဂ္ဂအရာရှိဟောင်းတွေက မနေ့က  တိုက်တွန်းပြောဆိုလိုက်ပါတယ်။ 

မြန်မာ့အရေး ကုလသမဂ္ဂကိုယ်စားလှယ်‌တွေအဖြစ် ဆောင်ရွက်ခဲ့ကြတဲ့ မစ္စယန်ဟီးလီ၊  မာဇူကီဒါရူစမန်နဲ့ ခရစ်ဆီဒိုတီတို့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက   ထုတ်ပြန်လိုက်တာပါ။ 

စစ်ကောင်စီဟာ ပြည်သူတွေကို ဓားစားခံအဖြစ် ဖမ်းဆီးတာ၊ သေကျေဒဏ်ရာရအောင် အကြမ်းဖက်တာတွေနဲ့ ပြည်သူလူထုအကြားမှာ ကြောက်ရွံ့ထိတ်လန့်စိတ်တွေ ဖြစ်လာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း၊ နိုင်ငံတကာဥပ‌ဒေ ဒါမှမဟုတ် နိုင်ငံတွင်းဥပဒေ‌တွေအရ ဆိုးရွားတဲ့ရာဇဝတ်မှုတွေ ကျူးလွန်နေကြောင်း ထောက်ပြထားပါတယ်။ 

ဒီအချက်သုံးချက်အရ စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် နိုင်ငံတကာအဝန်းအဝိုင်းက သတ်မှတ်ကြဖို့   တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့  စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာဥပဒေ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေအရ အကြမ်းဖက်မှုမြောက်ကြောင်း၊ အကြမ်းဖက်ဝါဒနဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံက ပြဋ္ဌာန်းထားတဲ့ဥပဒေတွေကို ခြုံငုံသုံးသပ်ထားပါတယ်။ 

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၁၄ ရက်အထိ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ အယောက် ၁,၃၃၉ ထိ ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ထားပါတယ်။ 

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၀၀၉ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၈၉ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားကာ အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၃၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူအရေအတွက်ကတော့ ၁၉၆၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၇၅ ယောက် ရှိခဲ့ပြီလို့ အေအေပီပီက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013