DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် စစ်ဆေးရေးအပြီး စက်ယန္တရားကြီးများဖြင့် တရားမဝင် ကျောက်စိမ်းတူးဖော်လုပ်ငန်းများ ပြန်စ
DVB
·
December 15, 2021
ဖားကန့်တွင် စစ်ဆေးရေးအပြီး စက်ယန္တရားကြီးများဖြင့် တရားမဝင် ကျောက်စိမ်းတူးဖော်လုပ်ငန်းများ ပြန်စ
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်-လုံးခင်း ရတနာနယ်မြေမှာ စက်ယန္တရားကြီးတွေ အမြောက်အမြားသုံးပြီး တရားမဝင် ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းတွေ ပြန်လည် လုပ်ဆောင်နေပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖားကန့်နယ်မြေမှာ ဒေသခံတပ်မနဲ့ အာဏာပိုင်တွေကို လစဉ်ကြေးပေးသွင်းပြီး တူးနေတဲ့ တရားမဝင် ကျောက်စိမ်းတူးဖော်မှုတွေကို မီဒီယာတွေမှာ ဖော်ပြခံရပြီးနောက် စစ်ဆေးရေး ရှိတယ်ဆိုပြီး ခဏရပ်နားထားဖို့ တပ်မ ၃၃ က ဒီဇင်ဘာ ပထမပတ်တုန်းက ညွှန်ကြားခဲ့ပါတယ်။ 

စစ်ဆေးရေးပြီးတဲ့နောက် ဒီဇင်ဘာ ၁၄ ရက်ကစပြီး ဝှက်ထားတဲ့ စက်ယန္တယားတွေကို ပြန်လည် သယ်ဆောင်လာကြကာ လုပ်ကွက်တွေမှာ အပြိုင်အဆိုင် ဆက်လက် တူးဖော်နေကြပြီတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အောက်တိုဘာလ ၁ ရက်ကတည်းက စတူးတာပဲ။ စစ်ကောင်စီက  ၆ လ ရပ်နားထားရမယ်လို့ ကြေညာတယ် ဒါပေမဲ့ တူးနေတယ်။ ဘယ်သူတွေ ရှိမှာလဲ။ သူတို့ဒေါက်တိုင်တွေပဲပေါ့။"လို့ နယ်မြေခံတစ်ဦးက ပြောပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် အင်တာနက်ပါ အဖြတ်ခံထားရတဲ့ ဖားကန့်မှာ အခုလို တရားမဝင် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို စက်တင်ဘာလ နောက်ဆုံး အပတ်လောက်ကစပြီး စစ်တပ်လက်အောက်ခံ နယ်မြေခံတပ်မနဲ့ လုံးခင်းကို လစဉ်ကြေးပေးပြီး ပြန်လည် တူးဖော်နေတာလို့လည်း သိရပါတယ်။

အခုလို တရားမဝင် ကျောက်စိမ်း တူးဖော်မှုလုပ်ငန်းတွေ အလွန်အကျွံ လုပ်ဆောင်လာမှုကြောင့် ဒေသခံ ရေမဆေးသမားတွေရဲ့  လက်တူးကျင်းတွေ အသိမ်းခံရပြီး စားဝတ်နေရေးကျပ်တည်းနေတယ်လို့ ရေမဆေးသမားတွေက ပြောပါတယ်။ 

"ရေမဆေးသမားတွေဆိုတာ ဝင်လို့်တောင် မရဘူး။ အနားကို ကပ်လို့မရဘူး။ ရေမဆေးသမားတွေရဲ့ ဘဝတွေက ကျပ်တည်းသထက် ပိုပြီး ကျပ်တည်းလာတယ်။"လို့ ရေမဆေး ကျောက်ရှာသူ တယောက်က ပြောပါတယ်။

တရားမဝင် ကျောက်စိမ်းတူးဖော်မှုကနေ စည်းကမ်းမဲ့မြေစာ စွန့်ပစ်မှုတွေကြောင့် မိုးရာသီမှာ ကမ်းပါပြိုမှု၊ မြေပြိုမှုတွေ အရင်ကထက် ဆိုးဆိုးဝါးဝါး ဖြစ်လာမှာကိုဒေသခံတွေက စိုးရိမ်နေကြပြီး လူနေကျေးရွာတွေ ရေနပ်မြုပ်မှာကိုလည်း စိုးရိမ်နေကြပါတယ်။ 

တရားမဝင် ကျောက်စိမ်းတူးဖော်မှု လုပ်ငန်းတွေဟာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း အဆိုးရွားဆုံး ဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းချမှုနဲ့ လောင်းကစားလုပ်ငန်းတွေကလည်း နေရာအနှံအပြားမှာ ရှိလာနေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013