DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် အိုမီခရွန်ကူးစက်ခံရသူ ၈ ဦးထပ်တွေ့
DVB
·
December 14, 2021
ထိုင်းနိုင်ငံတွင် အိုမီခရွန်ကူးစက်ခံရသူ ၈ ဦးထပ်တွေ့
Donate to DVB

ထိုင်းနိုင်ငံမှာ ကိုဗစ်မျိုးကွဲသစ်  အိုမီခရွန်သံသယလူနာ ၁၁ ယောက်တွေ့ရှိပြီး ၈ ဦးကို အတည်ပြုနိုင်ခဲ့တယ်လို့ ထိုင်းနိုင်ငံ ကုသရေးနဲ့ဆေးသိပ္ပံဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဆူဖကစ် ဆီရီလတ်စ်က ဒီမနက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ထိုင်းမှာ  နိုဝင်ဘာ ၁ ရက်ကစပြီး နိုင်ငံခြားကဝင်ရောက်လာသူတွေကို ကိုဗစ်-၁၉ စစ်ဆေးရာမှာ ကိုဗစ်-၁၉ ဗီဇပြောင်း ဒယ်လ်ဒါအမျိုးအစားက နမူနာ ၄၇၇၇ ခု အများဆုံးတွေ့ရှိပြီး အယ်လ်ဖာအမျိုးအစား ၈ ခု၊ ဘီတာအမျိုးအစား ၁ ခုနဲ့ အိုမီခရွန်အမျိုးအစား ၁၁ ခု တွေ့ရှိတယ်လို့ ဆိုပါတယ်။  

အဆိုပါ ၁၁ ယောက်စလုံးဟာ နိုင်ငံခြားမှ ဝင်ရောက်လာသူတွေဖြစ်ပြီး အမေရိကန်နိုင်ငံသား  ၂ ဦး၊ အင်္ဂလန်နိုင်ငံသား ၂  ဦး၊ ထိုင်းနိုင်ငံသား ၅ ဦး၊ ကိုလံဘီယာ ၁ ဦး၊    ဘဲလာရုစ်နိုင်ငံသား ၁ ဦး ပေါင်း ကျား ၉ ဦး မ ၂ ဦးတို့ပါဝင်ကြောင်း၊ သူတို့တွေဟာ စပိန်၊ နိုင်ဂျီးရီးယား၊ ဒီအာရ်ဂွန်ဂို၊ အင်္ဂလန်၊ တောင်အာဖရိက၊ အမေရိကန်နဲ့ ယူအေအီးနိုင်ငံတို့ကနေရောက်လာကြပြီး လက်ရှိ ဘန်ကောက်မှာ ၉ ဦး၊ နွန်ထပူရီမှာ ၁ ဦး နဲ့ ချွန်းပူးရီးခရိုင်ထဲမှာ ၁ ဦးရှိနေတယ်လို့ ဆိုပါတယ်။ 

အဆိုပါ ၁၁ ဦးထဲမှာ ၈ ဦးကို အတည်ပြုပြီး နောက်ထပ် ၃ ဦးကို ထပ်မံအတည်ပြုနိုင်ဖို့ စစ်ဆေးနေကြောင်း  ၃ ရက်အတွင်းအဖြေသိရမယ်လို့ ဒေါက်တာ ဆူဖကစ်က ပြောပါတယ်။ 

ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေကနော့ ဒီဇင်ဘာ ၁၄ ရက်မှာ  ပိုးတွေ့လူနာသစ် ၂၈၆၂ ဦး၊ သေဆုံး ၃၇ ဦး၊ သက်သာပျောက်ကင်းသူ ၄၈၁၈ ဦးရှိပါတယ်။ 

မနှစ်ကစ ဒီနေ့ထိ ပိုးကူးစက်ခံရသူပေါင်း ၂၁၇၄၉၀၆ ၊ သက်သာ ပျောက်ကင်းသူ ၂၁၀၆၁၄၄ ၊  သေဆုံးသူ ၂၁၂၃၁ ရှိတယ်လို့ ထိုင်းနိုင်ငံ ကိုဗစ်-၁၉ အခြေအနေစီမံကွပ်ကဲရေးဗဟိုဌာနက ထုတ်ပြန်ထားပါတယ်။ 

ကိုးကား - ထိုင်းနိုင်ငံကိုဗစ် ၁၉ အချက်အလက်စင်တာ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013