DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် အိုမီခရွန်ကူးစက်ခံရသူစုစုပေါင်း ၆၅ ဦးရှိလာ၊ ပြည်တွင်းကူးစက်မှု စတင်တွေ့ရှိ
DVB
·
December 20, 2021
ထိုင်းတွင် အိုမီခရွန်ကူးစက်ခံရသူစုစုပေါင်း ၆၅ ဦးရှိလာ၊ ပြည်တွင်းကူးစက်မှု စတင်တွေ့ရှိ
Donate to DVB

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ဗီဇမျိုးကွဲ အိုမီခရွန်ပိုးတွေ့ရှိသူပေါင်း ၆၅ ယောက် အထိရှိလာတဲ့အပြင် နောက်ထပ် အယောက် ၂၀  ကိုလည်း အတည်ပြုနိုင်ဖို့ စစ်ဆေးနေတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းဒုဝန်ကြီးချုပ်လည်းဖြစ် ကျန်းမာရေးဝန်ကြီးလည်းဖြစ်တဲ့  နိုင်းအနုထင်း ချိုင်းဝီရ ကွန်းက ဒီဇင်ဘာ ၂၀ ရက်နေ့ Insite Thailand  ရုပ်သံသတင်းဌာနနဲ့ အမေးအဖြေမှာ ထည့်သွင်း ပြော ကြားသွားတာပါ။

အိုမီခရွန်ပိုးတွေ့သူအများစုဟာ နိုင်ငံခြားက ဝင်ရောက်လာသူတွေဖြစ်ပြီး ပြည်တွင်းကူးစက်မှု အနေနဲ့ လေယာဉ်မှူး ၁ ဦးရဲ့ ဇနီးတယောက်သာရှိကြောင်း ၊ သူဟာလည်း နိုင်ငံခြားက ပြန်လာတဲ့ ခင်ပွန်းဖြစ်သူ လေယာဉ်မှူးထံကနေ ကူးစက်တာလို့  ဆိုပါတယ်။ 

သူတို့အားလုံး ဆေးကုသမှုခံယူနေပြီး ပြင်ပကူးစက်မှုမရှိသေးဘဲ လစ်ဟာသွားရင်တော့ ဈေးတွေထဲအထိပျံ့နှံ့သွားနိုင်လို့  အနီးကပ်စောင့်ကြည့်နေကြောင်း၊ နိုင်ငံခြားက ဝင်လာသူတွေဟာ သူတို့လာရောက်တဲ့နိုင်ငံကနေ RT-PCR စစ်ဆေးပြီးခဲ့ကြပေမယ့် ပိုးတွေ့ရှိနေဆဲဖြစ်လို့ ထိုင်းလေဆိပ်မှာ Test & Go စနစ်ကို ရုပ်သိမ်းပြီး  RT-PCR စနစ်နဲ့ ပြန်စစ်ဆေးကာ ကာကွယ်မှုတွေ အရှိန်အဟုန်မြင့်ရမယ်လို့ ပြောပါတယ်။

စီနိုဗက်ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံပြီးသူတွေအနေနဲ့ တတိယအကြိမ် ကာကွယ်ဆေး ထပ်ထိုးကြဖို့လည်း တိုက်တွန်းထားပါတယ်။ 

၂၀၂၂ နှစ်သစ်ကူးပွဲတော်ကျင်းပရေးမှာတော့ သက်ဆိုင်ရာ ခရိုင်ဝန်အသီးသီးပေါ်မှာ မူ တည်ကြောင်း၊ ခရိုင်ဝန်ဟာ မိမိခရိုင်ရဲ့ ကိုဗစ်-၁၉ အခြေအနေထိန်းချုပ်ကာကွယ်ရေး ကော်မ တီဥက္ကဋ္ဌတွေဖြစ်လို့ မိမိခရိုင်ထဲမှာ ပွဲလုပ်သင့်မလုပ်သင့်ကို ခရိုင်ပြည်သူ့ကျန်းမာရေးဌာနနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်လိမ့်မယ်လို့ ထိုင်းကျန်းမာရေးဒုဝန်ကြီးက ပြောပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းကုသရေးနဲ့ဆေးသိပ္ပံဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဆူဖကစ် ဆီရီရတ်စ်ကလည်း ထိုင်းမှာ အိုမီခရွန်ပိုးကူးစက်သူ ၆၅ ဦးတွေ့ရှိကြောင်း ဒီကနေ့မနက် ကျန်းမာရေးဝန်ကြီးဌာန သတင်းစာရှင်းပွဲမှာ အတည်ပြုပြောကြားပါတယ်။ 

ဒါဟာ နိုင်ငံခြားမှာ လျှင်မြန်စွာကူးစက်မှုရှိတာတွေနဲ့ ဆက်စပ်နေကြောင်း၊ ပိုးတွေ့သူတွေဟာ သုဝဏ္ဏဘူမိနိုင်ငံတကာလေဆိပ်ကနေ ဝင်ရောက်လာတာဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာမှာ အိုမီခရွန်ကူးစက်မှုရှိနေတဲ့ နိုင်ငံပေါင်း ၈၉ နိုင်ငံရှိသွားပြီး  ဒီထက်ပိုများလာမယ့် အခြေအနေ  ရှိတယ်လို့ ဆိုပါတယ်။

ထိုင်းမှာ အခုတပတ်တွင်း အိုမီခရွန်ပိုးကူးစက်သူတွေ့ရှိနှုန်း တရှိန်ထိုးများလာပြီး ဆော်ဒီ အာရေဗျနိုင်ငံ မက္ကာမြို့မှာ ဘုရားဖူးသွားပြီးပြန်လာတဲ့ ထိုင်းနိုင်ငံသားတွေမှာ အစုလိုက်တွေ့ရှိမှု အများဆုံးဖြစ်ပါတယ်။ 

ကိုးကား- Thairath ကိုးကား -  https://www.thairath.co.th/news/politic/2269150

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013