DVB Logo
Home
မြန်မာသတင်း
ဆေးရွက်ကြီးမျိုးနွယ်အပင်မှ ကိုဗစ်ကာကွယ်ဆေးထုတ်ယူနိုင်မည့် အလားအလာ စမ်းသပ်တွေ့ရှိ
DVB
·
December 14, 2021
ဆေးရွက်ကြီးမျိုးနွယ်အပင်မှ ကိုဗစ်ကာကွယ်ဆေးထုတ်ယူနိုင်မည့် အလားအလာ စမ်းသပ်တွေ့ရှိ
Donate to DVB

ကိုဗစ်-၁၉ ဗိုင်းရပ်စ်မျိုးကွဲထဲက Delta variant အပါအဝင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ခံနိုင်ရည်ရှိတဲ့ ကိုယ်ခံအားစနစ်ကို ဖြစ်ထွန်းစေတဲ့ ဆေးရွက်ကြီးမျိုးနွယ်အပင်တမျိုးကို တွေ့ရှိစမ်းသပ်နေတဲ့အကြောင်း  ကနေဒါနိုင်ငံအခြေစိုက် ဇီဝနည်းပညာကုမ္ပဏီတခုဖြစ်တဲ့ Medicago & British Pharmaceutical Company GlaxoSmithkline က ကြေညာပါတယ်။ 

လတ်တလော ကာကွယ်ဆေးတွေမှာ အသုံးပြုတဲ့ သိပ္ပံအမည် SARS-CoV-2 virus လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကထုတ်ယူထားတဲ့ အပေါ်ယံအခွံပရိုတင်းထဲက mRNA ကို အသုံးပြုနေကြတာဖြစ်ပါတယ်။

အခုတွေ့ရှိတဲ့ အပင်ကတော့ ဗိုင်းရပ်စ်ပိုးကို ကာကွယ်နိုင်တဲ့ ပရိုတင်းတမျိုးထွက်ပေါ်လာအောင် ကိုယ်တွင်း ခုခံအားစနစ်ကို လှုံ့ဆော်ပေးနိုင်မှာ ဖြစ်ပါတယ်။​ 

အဆင့်သုံး စမ်းသပ်ချက်အနေနဲ့ လူပေါင်း ၂၄၀၀၀ လောက်ကို  Delta Variant ကိုရိုနာဗိုင်းရပ်စ်နဲ့ စမ်းသပ်ရာ မှာ ၇၅ ရာနှုန်းထိ အကာအကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ 

ဆေးအာနိသင်ရဲ့ကနဉီး ထိရောက်မှုရာနှုန်းကတော့ Pfizer နဲ့ Moderna ဆေးကုမ္ပဏီတွေကြေညာထားတဲ့ ရာခိုနှုန်းထက် နည်းပါးနေသေးပေမဲ့ သုတေသီတွေ အနေနဲ့ ဒီအပင်ရဲ့ ထိရောက်မှုအတိုင်းအတာ ရာနှုန်းကို အသေအချာ မစိစစ်ရသေးဘူးလို့ Medicago ကုမ္ပဏီ ဒုဉက္ကဋ္ဌက ပြောပါတယ်။

ဆေးရွက်ကြီးမျိုးနွယ်အပင်တွင်းမှာ genetic sequence ကူးစက်မှုဖြစ်စေရင်း ထွက်ပေါ်လာတဲ့ ပဋိဇီဝ ပရိုတင်းဓာတ်ကတဆင့် ထုတ်ယူတဲ့ စမ်းသပ်ချက်အောင်မြင်ခဲ့ရင် WHO က တိုက်တွန်းသလို အပင်ကိုအခြေခံတဲ့ ကာကွယ်ဆေးတွေဟာ စျေးနှုန်းသက်သာပြီး လူအများအလွယ်တကူ သုံးစွဲနှိုင်ကြမှာ ဖြစ်ပါတယ်။

Medicago ကုမ္ပဏီကတော့ ဒီဆေးဝါးကို ထုတ်လုပ်နိုင်ဖို့ ကနေဒါ ဆေးသိပ္ပံအာဏာပိုင်တွေဆီမှာ ဒီနှစ်ကုန်ပိုင်းလောက်မှာ သုတေသန အချက်အလက်တွေတင်ပြပြီး FDA ခွင့်ပြုချက်ရယူဖို့ စတင်ကြိုးပမ်းနေပြီလို့ ဆိုပါတယ်။ 

Ref: Medicago & British Pharmaceutical Company

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013