DVB Logo
Home
မြန်မာသတင်း
ပလိပ်အင်းသို့ ဆောင်းခိုငှက် လာရောက်မှု ယခင်နှစ်ထက်စောပြီး အကောင်ရေ နည်းပါး
DVB
·
December 11, 2021
ပလိပ်အင်းသို့ ဆောင်းခိုငှက် လာရောက်မှု ယခင်နှစ်ထက်စောပြီး အကောင်ရေ နည်းပါး
Donate to DVB

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်အင်းမှာ  နှစ်စဉ်ဝင်ရောက်ကျက်စားလေ့ရှိတဲ့ ဆောင်းခိုငှက်တွေ ဒီနှစ်မှာ အရင်နှစ်တွေကထက် စောပြီး ဝင်လာကြတယ်လို့ ပုလိပ်အင်းအနီး နေထိုင်သူတွေက ပြောပါတယ်။

အခုလို စောပြီး ဝင်ရောက်လာပေမဲ့ နှစ်တိုင်းလို အကောင်ရေမများဘဲ အကောင်ရေ နည်းပါးပြီး အုပ်လိုက် ဝင်ရောက်မှု နည်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

နှစ်စဉ်နှစ်တိုင်းမှာ မတ်လနဲ့ ဧပြီလပိုင်းလောက်မှ ငှက်တွေ ဝင်လေ့ရှိပေမယ့်လည်း ဒီနှစ်မှာတော့ နိုဝင်ဘာလကုန်လောက်ကတည်းက ဝင်ရောက်နေတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

အင်းအနီးနေထိုင်သူတစ်ဦးက “ပျံသန်းနေတာတွေတော့ များတယ်။ ဒါပေမဲ့ နားတာ၊ အင်းထဲဝင်တာ နည်းတာ။ ခါတိုင်းဆိုရင် ဒီလိုနေရာတွေဆိုရင် ပြုံခဲနေတာပဲ။ အခု ဆောင်းကုန်ကို တစ်လလောက်တောင်စောကျတာ။ တန်ဆောင်မုန်းလလောက်ကတည်းက လာနေတာ ငှက်တွေက။ ငှက်တွေက ပေါတယ်”လို့ ပြောပါတယ်။

အရင်နှစ်တွေက ငှက်ထိန်းသိမ်းစောင့်ရှောက်သူတွေက လာရောက် စောင့်ရှောက်မှုတွေရှိ ခဲ့ပေမယ့် ဒီနှစ်မှာတော့ စောင့်ရှောက်သူ မရှိဘူးလို့ သိရပါတယ်။

နှစ်တိုင်းမှာ အခင်းတွေထဲက ခြောက်ထုတ်နေရတဲ့အနေအထားဖြစ်ပြီး ဒီနှစ်မှာတော့ အဲ့လောက်ထိ အကောင်ရေမများသေးဘူးလို့ သိရပါတယ်။ 

အင်း ရေကျချိန်မှာ အင်းအတွင်းက ငါး၊ ပုဇွန်စတဲ့ အစာရေစာနဲ့ အခင်းထဲက အစာတွေကို စားသုံးကြတဲ့အတွက် ရေကျချိန်မှသာ လာရောက်မှုများလေ့ရှိတယ်လို့သိရပါတယ်။

ပလိပ်အင်းအတွင်း ဒီနှစ်မှာ ရေဝင်ရောက်မှုနည်းပါးတာကြောင့် ဆောင်းခိုငှက်တွေရဲ့ ကျက်စားမှု ပုံစံပြောင်းလဲလာတယ်လို့ မြန်မာ့ငှက်နဲ့သဘာ၀ ထိန်းသိမ်းရေးအသင်းက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013