DVB Logo
Home
မြန်မာသတင်း
BGF တပ်က ဒေသခံပြည်သူပိုင်ပစ္စည်းများ အဓမ္မခြိမ်းခြောက်ယူ
DVB
·
December 10, 2021
BGF တပ်က ဒေသခံပြည်သူပိုင်ပစ္စည်းများ အဓမ္မခြိမ်းခြောက်ယူ
Donate to DVB

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကျုံခနကျေးရွာအုပ်စု ကေအန်ယူ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်(BGF)တပ်က ဒေသခံပြည်သူတွေဆီကနေ ဝက်တကောင်းနဲ့ ကား ၅ စီးစာ သစ်တွေကို အတင်းအဓမ္မ ခြိမ်းခြောက်တောင်းယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၆ ရက်က ညောင်ကုန်းကျေးရွာအဝင်မှာ တပ်စခန်းချပြီး ဂိတ်စွဲထားတဲ့ BGF ၁၀၁၄ တပ်ရင်းက တပ်ဖွဲ့ဝင်တွေက ကျုံခနကျေးနယ်အုပ်စု တံတားဦးကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ရှောက်ကုန်းကျေးရွာ၊ ကျုံခနကျေးရွာတွေက ဒေသခံပြည်သူတွေထံကနေ ပိဿာချိန် ၅၀ ရှိတဲ့ ဝက်တစ်ကောင်နဲ့ စခန်းပြန်လည်ပြုပြင်ဖို့အတွက် ခြောက်ဘီးယာဉ်နဲ့ သစ်ကား ၅ စီးကို အတင်းအဓမ္မ ခြိမ်းခြောက်တောင်းယူခဲ့တာပါ။

တံတားဦးကျေးရွာသားတစ်ဦးက”ကျေးရွာအုပ်စုအတွင်းက ရွာတွေအကုန်းလုံးပေးရတာ။ အခုလို ကာလမှာ ဘာအလုပ်အကိုင်မှ အဆင်မပြေတဲ့အချိန် ဒေသခံတွေဆီကို အတင်းခြိမ်းခြောက်ပြီး စားစရာနဲ့ သစ်တွေတောင်းတာက အကြမ်းဖက်ဓာပြပဲလို ပြောချင်တယ်။ စကစရဲ့ စရိုက်အတိုင်းပဲ။ သူတို့ကိုယ်တိုင် သစ်သွားခုတ်လေ။ ဒီလိုတော့ သေမှာကြောက်လို့ ဖြစ်မယ်”လို့ ပြောပါတယ်။

အဆိုပါ ညောင်ကုန်း(BGF)စခန်းကို BGF- ၁၀၁၄ တပ်ရင်း၊ တပ်ခွဲ  ၂ တပ်ခွဲမှူး ဗိုလ်တင်ဝင်းရဲ့ တပည့် မိုးဟိန်းနဲ့ ဖားကနူတို့က ဦးဆောင်ပြီး စခန်းကိုတာဝန်ယူထားတာလို့ တာဝန်ရှိသူက ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ BGF တပ်တွေဟာ ကေအန်ယူထိန်းချုပ်မြေအတွင်း ကျူးကျော်ဝင်ရောက်ပြီး ဒေသခံပြည်သူတွေအပေါ် လူ့အခွင့်အရေးအကြိမ်ကြိမ် ချိုးဖောက်တာတွေ၊ လယ်ယာ၊ ဥယျာဥ်ခြံမြေ၊ လုပ်ကိုင်စားသောက်ရာနေရာတွေနဲ့ ကျေးရွာတွေအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ ကေအန်ယူက  ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013