
အာဆင်နယ်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ကလပ်အသင်းဆီ ပြန်လာမဲ့ ပြင်သစ်နောက်ခံလူ ဝီလီယံဆာလီဘာရဲ့ ကျောဒဏ်ရာကို စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
ဆာလီဘာဟာ ကျောဒဏ်ရာကို လပေါင်းများစွာ ခံစားခဲ့ရတာဖြစ်ပြီး ခွဲစိတ်ကုသမှု ခံယူရဖို့လည်း ရှိနေပါတယ်။
တကယ်လို့ ခွဲစိတ်ရမယ်ဆိုရင်တော့ သူဟာ ရေရှည်အနားယူရမဲ့ အခြေအနေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ် ဆာလီဘာဟာ စပိန်နဲ့ပွဲမှာ ဒဏ်ရာပိုဆိုးသွားပြီး ပွဲစပြီး မိနစ် ၃၀ မှာတင် လူစားလဲခံခဲ့ရပါတယ်။
သူကတော့ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ပွဲတွေအပြင် ကမ္ဘာ့ဖလားပွဲအတွက်လည်း ဒဏ်ရာကို အောင့်အီးပြီး ကစားခဲ့တာလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အတွက် ပွဲပေါင်း ၅၀ အထိ ကစားပေးခဲ့တဲ့ ဆာလီဘာရဲ့ ဒဏ်ရာအခြေအနေက အသင်းအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။










