DVB Logo
Home
မြန်မာသတင်း
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် သစ်ရောင်းချပေးမှုဖြင့် ဝန်ကြီး ဦးအုန်းဝင်းကို စစ်ကောင်စီက စွပ်စွဲ အဂတိအမှုဖွင့်
DVB
·
December 8, 2021
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် သစ်ရောင်းချပေးမှုဖြင့် ဝန်ကြီး ဦးအုန်းဝင်းကို စစ်ကောင်စီက စွပ်စွဲ အဂတိအမှုဖွင့်
Donate to DVB

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးက ဒီဇင်ဘာ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ လရောင်တောစီမံကိန်း အဆောက်အဦတွေ ဆောက်လုပ်ရာမှာ အသုံးပြုဖို့ မြန်မာ့သစ်လုပ်ငန်းမှ ကျွန်းသစ်လုံး၊ ကျွန်း၊ ပျဉ်းကတိုးနဲ့ ပိတောက်ခွဲသားတွေ လျှောက်ထား ဝယ်ယူခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးစုံစမ်းစစ်ဆေးပြီးနောက် အမှုဖွင့်လိုက်တာလို့ ဆိုပါတယ်။

ဝန်ကြီး ဦးအုန်းဝင်းဟာ လရောင်တောစီမံကိန်းမှာ အသုံးပြုဖို့ ကျွန်းသစ်လုံး၊ ကျွန်းခွဲသား၊ ပျဉ်းကတိုး၊ ပိတောက်သစ် စုစုပေါင်း ၁၇၂ ဒသမ ၀၇၆၄ တန်ကို ရောင်းချပေးဖို့ နှစ်ကြိမ်လျှောက်ထားမှုအပေါ် တင်ဒါစနစ်နဲ့ရောင်းချခြင်းမပြုဘဲ သူ့ဆုံးဖြတ်ချက်နဲ့ ရောင်းချပေးခဲ့တာကြောင့် နိုင်ငံတော်အနေနဲ့ ငွေကျပ်သန်း ၁၀၀ ကျော် နစ်နာခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်းမြို့မရဲစခန်းမှာ ဒီဇင်ဘာ ၇ ရက်က ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ် တရားစွဲဆိုဖို့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီသတင်းမှာ‌ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဘက်ကနေ ပြန်လည် တုံ့ပြန်ချေပ ပြောဆိုနိုင်တဲ့ အခွင့်အရေး မရရှိသေးပါဘူး။

စစ်တပ်က တရားမဝင် အာဏာသိမ်းပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီ အစိုးအရအဖွဲ့ဝင်တွေကို အဂတိမှုတွေအပါအဝင် ပုဒ်မ အမျိုးမျိုးနဲ့ စစ်ကောင်စီက တရားစွဲပြီး  ထောင်ဒဏ်တွေချမှတ်နေတာ ဖြစ်ပါတယ်။

Photo- MOI

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013