DVB Logo
Home
မြန်မာသတင်း
နယ်စပ်ကုန်သွယ်ရေးဂိတ် ပြန်ဖွင့်လိုက်သဖြင့် မန္တလေးပဲဈေး အနည်းငယ်မြင့်တက်
DVB
·
December 6, 2021
နယ်စပ်ကုန်သွယ်ရေးဂိတ် ပြန်ဖွင့်လိုက်သဖြင့် မန္တလေးပဲဈေး အနည်းငယ်မြင့်တက်
Donate to DVB

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လှစ်လိုက်တာကြောင့် မန္တလေးပဲဈေးကွက်ထဲမှာ အခုရက်ပိုင်း ပဲဈေးနှုန်းတွေ အနည်းငယ် မြင့်တက်လာတယ်လို့ မန္တလေးပဲကုန်သည်တွေဆီက သိရပါတယ်။

ပဲတီစိမ်းဟာ နိုဝင်ဘာ လဆန်းပိုင်းက ၃ တင်းတစ်အိတ်ကို ငွေကျပ် ၁၁၂၀၀၀ ကျပ်ရှိခဲ့ရာက ဒီဇင်ဘာ ၆ ရက်နေ့ပေါက်ဈေးအရ ၁၂၈၀၀၀ လောက်အထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

မြေပဲလုံးဆံဈေးကလည်း တစ်ပိသာကို ငွေကျပ် ၂၇၀၀ လောက်ပေါက်ဈေးရှိခဲ့ရာက အခုရက်ပိုင်းမှာ ၃၁၅၀ အထိ ဈေးနှုန်းမြင့်တက်လာတာဖြစ်ပါတယ်။ 

ပဲလွန်းဖြူ ၃တင်း တစ်အိတ်ကို ၁ သိန်းခွဲလောက်ကနေ ၁ သိန်း ၆ သောင်းလောက်အထိ ဈေးနှုန်းမြင့်တက်လာတယ်လို့ သိရပါတယ်။ 

တရုတ်-မြန်မာ ကုန်သွယ်ရေးဂိတ်ကို နိုဝင်ဘာ ၂၆ က စတင်စမ်းသပ်ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်း တရုတ်က အဓိက ဝယ်ယူတဲ့ပဲတွေ ဈေးနှုန်းအနည်းငယ်မြင့်တက်လာခဲ့တာလို့ မန္တလေးမြို့က ပဲကုန်သည်တစ်ဦးက ပြောပါတယ်။

“အဓိကက  သူတို့အနေနဲ့ ဒါ မန္တလေးကိုအခြေခံပြီးတော့ အရောင်းအဝယ်အများဆုံးဖြစ်နေတဲ့ ကုန်ပစ္စည်းတွေဖြစ်တဲ့ ပဲတီစိမ်း၊ ဆီထွက်သီးနှံတွေထဲက နှမ်းမျိုးစုံ၊ မြေပဲလုံးဆံ၊ ဆီထွက်မြေပဲဆံ ပဲလွန်းဖြူတို့၊ ပဲကြီးတို့ စတဲ့သီးနှံတွေပေါ့လေ အခုရက်ပိုင်းမှာလှုပ် လှုပ်ရှားရှားဖြစ်ပေါ်ပြီးတော့ ဈေးလည်း အနည်းငယ်လောက်စီတက်လာပါတယ်။”

အခုလို နယ်စပ်ကုန်သွယ်ရေးဂိတ်ကို တရားဝင် စတင်ဖွင့်လှစ်လိုက်တဲ့အတွက်ကြောင့် မန္တလေးကုန်စည် ဈေးကွက်အတွင်းမှာလည်း လှုပ်လှုပ်ရှားရှားဖြစ်လာတာလို့ ဆိုပါတယ်။

“နယ်စပ်ကုန်သွယ်ရေးပိတ်ထားတဲ့ အချိန်တုန်းက အေးတိအေးစက်၊ အိန္ဒိယက ဝယ်ယူတဲ့ပစ္စည်းနဲ့ ပြည်တွင်းက ဝယ်ယူတဲ့ပစ္စည်းကလွဲလို့ ကျန်တာတွေဟာ အေးစက်နေခဲ့ပါတယ်။” 

ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ကုန်သွယ်ရေးဂိတ်ကိုလတော်တော်ကြာအောင်ပိတ်ထားခဲ့ပြီးမှ ပြန်လည်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။

တရုတ် အဝယ်မဖွင့်သေးခင်က အိန္ဒိယ ဝယ်လက်ရှိတဲ့ ပဲနဲ့ ပြည်တွင်းစားသုံးတဲ့ ပဲတွေသာ အရောင်းအဝယ်ဖြစ်နေပြီး တရုတ်က ဝယ်လက်ရှိတဲ့ပဲတွေကတော့ အရောင်းအဝယ်အေးစက်ပြီး ဈေးနှုန်းကျဆင်းနေခဲ့တာလို့ မန္တလေးပဲကုန်သည်က ပြောပါတယ်။

တရုတ်ကနယ်စပ်ဂိတ်ကို စမ်းသပ်ကာလအဖြစ် ဖွင့်လှစ်ထားတာဖြစ်ပြီး ကွန်တိန်နာတွေနဲ့ သယ်ယူပို့ဆောင်တဲ့ စနစ်ကို စမ်းသပ်ကျင့်သုံးနေတယ်လို့ သိရပါတယ်။

တရုတ်ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံအတွင်း တင်သွင်းနေပြီး မြန်မာဘက်က လယ်ယာ ထွက်ပစ္စည်းတွေကို အဝယ်ပိတ်ထားခဲ့တာလို့ သိရပါတယ်။

မြန်မာနဲ့ တရုတ် နှစ်နိုင်ငံကြားမှာ ကချင်ပြည်နယ်မှာ နှစ်ဂိတ်၊ ချင်းပြည်နယ်ဘက်မှာ နှစ်ဂိတ်၊ တရားဝင်စုစုပေါင်း ၄ ဂိတ်ရှိပြီး လက်ရှိမှာ  ချင်းရွှေဟော်နဲ့ ကျင်စန်းကျော့ဂိတ်နှစ်ခုကိုသာ စမ်းသပ်ဖွင့်လှစ်ထားတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013