DVB Logo
Home
မြန်မာသတင်း
မူဆယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့် ရောင်း
DVB
·
October 30, 2024
မူဆယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့် ရောင်း
Donate to DVB

တရုတ်နိုင်ငံဘက်က လောင်စာဆီ အပါအဝင် ကုန်စည်တချို့ကို တင်သွင်းမှု ကန့်သတ်လိုက်ပြီးနောက် လက်ရှိ တရုတ်-မြန်မာနပ်စပ် မူဆယ်မြို့မှာ စက်သုံးဆီတွေကို အကန့်အသတ်နဲ့သာ ဝယ်ယူရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ကားနဲ့ ဆီသွားတန်းစီလာတဲ့ ဒေသခံ အမျိုးသမီးတယောက်က “စက်သုံးဆီက တန်းစီရတယ်။ ကားဆိုရင်  ကျပ် ၃၀,၀၀၀ ဖိုးပဲ ရတယ်” လို့ ပြောပါတယ်။

ဆီတင်ကားတွေက မူဆယ် မန့်ဝိန်း-ကျယ်ဂေါင်ဂိတ်ကနေ ဝင်တာဖြစ်ပြီး လတ်တလော တရုတ်ဘက်က ကန့်သတ်လိုက်တာကြောင့် မန့်ဝိန်းဂိတ်ကနေ ကားတွေ ဝင်မရသေးဘူးလို့ သူကပြောပါတယ်။

ဒေသခံ အမျိုးသားတယောက်က “ဆိုင်ကယ်ကတော့ တစီးကို ၁၀,၀၀၀ ဖိုးရတယ်။ တဆိုင်ကို ၂ နာရီလောက်ပဲ ရောင်းပေးတယ်။ အခု ဒီ ကျနော် သွားတန်းစီတဲ့ဆိုင်က မနက် ၈ နာရီကနေ ၁၀ နာရီထိ ရောင်းပေးတယ်။ ဈေးတော့ တက်တာ မရှိပါဘူး” လို့ ပြောပါတယ်။

တချို့ဆိုင်က မနက်ပိုင်း ရောင်းပေးတာရှိသလို တချို့ဆိုင်က ညနေပိုင်း ရောင်းပေးတယ်လို့ သူက ပြောပါတယ်။

နမ့်ခမ်းဒေသခံ အမျိုးသမီးတယောက်က “နမ့်ခမ်းဘက်တော့ စက်သုံးဆီ ပြတ်နေတယ်။ တချို့ ရောင်းစရာတောင် မရှိတော့ဘူး။ ဓာတ်ဆီတလီတာ ၁၀,၀၀၀ ရောက်ပြီ” လို့ ပြောပါတယ်။

ဌာနဆိုင်ရာနဲ့ နီးစပ်သူတ‌ယောက်ကတော့ လတ်တလော တရုတ်ဘက်က စက်သုံးဆီ လုံးဝ အဝင်မရှိကြောင်း ပြောပါတယ်။

အိမ်ဆောက်ပစ္စည်းနဲ့ စက်သုံးဆီ အဓိကတင်သွင်းတဲ့ မန့်ဝိန်း-ကျယ်ဂေါင် နယ်စပ်ဂိတ်ကနေ လတ်တလော ကုန်အဝင်တွေ မရသေးဘူးလို့ ဘိလပ်မြေရောင်းတဲ့ အမျိုးသမီးတယောက်က ပြောပါတယ်။

အောက်တိုဘာ ၂၂ ရက်ကစပြီး မြန်မာ-တရုတ် နယ်စပ် မိုင်းလား-တာလော့နဲ့ မူဆယ် မန့်ဝိန်း-ကျယ်ဂေါင်၊ ဆင်ဖြူ-ကျယ်ဂေါင်ကနေ တရုတ်ဘက်က စက်သုံးဆီ အပါအဝင် စက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ စစ်အသုံးအဆောင်ပစ္စည်း၊ အလှကုန်၊ ခွယ်တီ (အွန်လိုင်း) ပစ္စည်းတွေကို တင်သွင်းခွင့် ကန့်သတ်ထားတာဖြစ်ကြောင်း နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

Pra Jaw

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013