DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီထုတ်ကုန်များကို ဘုတလင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖျက်ဆီး
DVB
·
December 5, 2021
စစ်ကောင်စီထုတ်ကုန်များကို ဘုတလင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖျက်ဆီး
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပေါင်းစုံစုပေါင်းပြီး ဒီဇင်ဘာ ၅ ရက်နေ့မှာ ဘုတလင်မြို့နယ်နဲ့ စိုင်ပြင်မြို့နယ်စပ်နှစ်ခုကြားမှာ  စစ်ဆေးဖမ်းဆီးတာ‌တွေ ပြုလုပ်ပြီး စစ်ကောင်စီရဲ့ထုတ်ကုန်တွေကို ဖျက်ဆီးပစ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါပစ္စည်းတွေဟာ မြန်မာဘီယာ၊ ဒဂုံဘီယာ၊ အက်ဒမမ်းဂိုး စတဲ့ပစ္စည်းတွေဖြစ်တယ်လို့ သိရပါတယ်။

ဘုတလင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးက “ဒီမနက်ခင်းကတည်းက  မြို့နယ်လုံခြုံရေးအတွက် ကျနော်တို့မြို့နယ်အတွင်းကနေ မုံရွာ-ရေဦးလမ်းမပေါ်မှာသွားတဲ့ ကားတွေကို စစ်ဆေးတာတွေလုပ်ခဲ့တယ်။ အရင်ရက်တွေကတည်းက စစ်ကောင်စီရဲ့ ထုတ်ကုန်တွေ အားမပေးဖို့၊ ရောင်းချသယ်ဆောင်တာတွေမလုပ်ဖို့ အကြိမ်ကြိမ်အသိပေးစာတွေ ထုတ်ခဲ့တယ်။ ဒီနေ့စစ်ဆေးရာမှာ အခုလိုတွေ့လို့ ဖျက်ဆီးတာတွေ လုပ်ဆောင်တာ” လို့  ပြောပါတယ်။

ဘုတလင်မြို့နယ်အတွင်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ကလည်း  မြသိန်တန်ဘုရာအနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်တွေ အပြန်အလှန်ပစ်ခတ်တာတွေ ရှိခဲ့သလို စစ်ကောင်စီတပ်ရဲ့ လက်နတ်ကြီးနဲ့ပစ်ခတ်လို့ သာယာကုန်း‌ကျေးရွာ ဘုန်းတော်ကြီးကျောင်းထဲမှာ စစ်ဘေးရှောင်နေတဲ့ အပြစ်မဲ့ပြည်သူ ၇ ဦး လက်နက်ကြီး ကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013