DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီထုတ်ကုန်များ မရောင်းချရန် Monywa Heroes Group သတိပေး
DVB
·
September 14, 2021
စစ်ကောင်စီထုတ်ကုန်များ မရောင်းချရန် Monywa Heroes Group သတိပေး
Donate to DVB

စစ်ကောင်စီရဲ့ထုတ်ကုန်တွေ မရောင်းချဖို့ မုံရွာမြို့က ဆင်နှစ်ကောင် စတိုးဆိုင်အား Monywa Heroes Group က သတိပေးစာထုတ်ပြန်လိုက်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ဆင်နှစ်ကောင်စတိုးဆိုင်က Myanmar Beer နဲ Andaman Gold အစရှိတဲ့ စစ်ကောင်စီရဲ့ ထုတ်ကုန်တွေ ဖြန့်ဖြူးရောင်းချနေတာကြောင့် အအခုလို သတိပေးစာထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။

Monywa Heroes Group အနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ထုတ်ကုန်တွေ ဖြန့်ဖြူးရောင်းချခြင်းများမပြုလုပ်ဖို့ စာစောင်များဖြန့်ဝေတာ၊ Facebook စာမျက်နှာတို့ကနေ တဆင့်သတိပေးတာတွေ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲလိုအသိပေးချက် အကြိမ်ကြိမ်ထုတ်ပြန်ထားပေမဲ့ ဆင်နှစ်ကောင်စတိုးဆိုင်ဟာ ထုတ်ပြန်ထားတဲ့ သတိပေးချက်တွေကို မလိုက်နာဘဲ ဆက်လက်ဖြန့်ဖြူးရောင်းချနေပါက ပစ္စည်းတွေနဲ့ လုံခြုံရေးအား တာဝန်မယူနိုင်ဘူးလို့ Monywa Heroes Group ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ မတရားတဲ့အမိန့်မှန်သမျှ ဖီဆန်ကြကာ စစ်ကောင်စီရဲ့ ထောက်တိုင်တွေကို ဖြိုဖျက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

Monywa Heroes Group ဟာ အပြောသက်သက်သာမဟုတ်ဘဲ အလုပ်နဲ့သက်သေပြတဲ့အဖွဲ့ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013