DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီ ခေါင်းဆောင်များအပါအဝင် ပါတီဝင် ၆၀၀ ခန့် ဖမ်းဆီးခံရ၊ ၁၃ ဦးကျဆုံး
DVB
·
December 1, 2021
အန်အယ်လ်ဒီ ခေါင်းဆောင်များအပါအဝင် ပါတီဝင် ၆၀၀ ခန့် ဖမ်းဆီးခံရ၊ ၁၃ ဦးကျဆုံး
Donate to DVB

စစ်တပ်က နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး မနေ့ကအထိ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (အန်အယ်လ်ဒီ) ခေါင်းဆောင်တွေ အပါအဝင် ပါတီဝင်ပေါင်း ၆၀၀ လောက် ဖမ်းဆီးခံရပြီး ၁၃ ယောက် ကျဆုံးခဲ့တယ်လို့ ပါတီက ထုတ်ပြန်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ (CWC) ကနေ ကောက်ယူရရှိတဲ့ စာရင်းတွေအရ ပါတီခေါင်းဆောင်နဲ့ ပါတီဝင်စုစုပေါင်း ၅၇၉ ယောက် ဖမ်းဆီးထိန်းသိမ်းခံရပြီး ၁၂၈ ယောက်ကတော့ ပြန်လွတ်မြောက်လာတယ်လို့ ဒီနေ့ထုတ်ပြန်လိုက်တာပါ။

ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲက စစ်ကြောရေးကာလ၊ အကျဉ်းကျနေတုန်းနဲ့ ပြန်လွတ်မြောက်ပြီး မကြာခင်မှာ ကျဆုံးကွယ်လွန်ခဲ့သူ ၁၃ ယောက်ရှိတယ်လို့ ဆိုပါတယ်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ဗဟိုပြန်ကြားရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ဝင်း၊ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် (ခ) ဦးအေးကြူ တို့အပါအဝင် ဦးခင်မောင်လတ် (ပန်းဘဲတန်း)၊ ဦးဇော်မြတ်လင်း (ရွှေပြည်သာ)၊ ဦးကျော်ကျော်(ခ) အဂ္ဂမိုးညို (ဇမ္ဗူသီရိ)၊ ဦးစိုးစံ(ဝမ်းတွင်း)၊ ဦးအေးလှ(ကျောက်တံခါး)၊ ဦးညွန့်ရွှေ(ပဲခူး)၊ ဦးဖြိုးဝေထွန်း(ချောက်)၊ ဦးဝင်းကြိုင်(လှိုင်သာယာ)၊ ခွန်ဘွားထိုသွေး (ဆီဆိုင်)၊ ဦးကျော်ဆန်းဦး(ပုဗ္ဗသီရိ)၊ ဦးသန်းထွန်းဦး(ခ) မင်းကိုသိန်း(ခ)ဦးဖက်တီး (အောင်မြေသာဇံ) တို့ ကျဆုံးကွယ်လွန်ခဲ့ပြီး သူတို့ထဲမှာ ဦးဉာဏ်ဝင်း၊ ဦးအေးလှ၊ ဦးညွန့်ရွှေ၊ ဦးဝင်းကြိုင်တို့ ၄ ယောက်ကတော့ ထောင်တွင်း အကျဉ်းကျနေတုန်းမှာပဲ ကျဆုံးခဲ့ကြတာပါ။

ဦးခင်မောင်လတ်၊ ဦးဇော်မြတ်လင်း၊ ဦးကျော်ကျော်(ခ) အဂ္ဂမိုးညို၊ ဦးစိုးစံ၊ ဦးဖြိုးဝေထွန်း၊ ခွန်ဘွားထိုသွေး၊ ဦးကျော်ဆန်းဦး၊ ဦးသန်းထွန်းဦး(ခ)မင်းကိုသိန်း(ခ)ဦးဖက်တီးတို့ကတော့ စစ်ကြောရေးကာလမှာ သတ်ဖြတ်ခံရပြီး မုံရွာအောင်ရှင်(ခ) ဦးအေးကြူကတော့ ပြန်လည် လွတ်မြောက်ပြီး တလအကြာမှာ ကျဆုံးတာလို့ ပါတီက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ရန်ကုန်က အဖွဲ့ချုပ်ရုံးချုပ်အပါအဝင် ကယား၊ မွန်နဲ့ ကရင်ပြည်နယ်၊ မကွေး၊ တနင်္သာရီ၊ ဧရာဝတီ၊ ပဲခူး၊ စစ်ကိုင်း၊ မန္တလေးနဲ့ ရန်ကုန်တိုင်းတို့က ပါတီရုံးတွေ ၇၅ ကြိမ် ဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝန်းရံသူ ပြည်သူတွေရဲ့ နေအိမ်နဲ့ အဆောက်အဦတွေကို ဥပဒေမဲ့ဝင်ရောက်ပြီး ပစ္စည်းတွေ သိမ်းဆည်းသယ်ယူသွားတာ၊ ဖျက်ဆီးမီးရှို့ခဲ့တာတွေ လုပ်ခဲ့သလို တရားရုံးအမှုတွေကို အကြောင်းပြပြီး နေအိမ်တွေ ချိပ်ပိတ်ခံရသူပေါင်း ၅၇ ယောက်ရှိတယ်လို့ ဆိုပါတယ်။

ပုဒ်မ (၅၀၅) တပ်ပြီး စွပ်စွဲတာတွေရှိပေမဲ့ တရားရုံးက ပြစ်မှုကျူးလွန်တယ်လို့ ဆုံးဖြတ်ချက်မချခင်မှာပဲ အဲဒီလိုလုပ်နေတာလို့ ဆိုပါတယ်။

ဒါဟာ ကောက်ယူရရှိတဲ့ စာရင်းတွေပဲဖြစ်ပြီး အမှန်တကယ် ဖမ်းဆီးခံရတာ၊ ကျဆုံးတာနဲ့ ရုံးခန်း ဖျက်ဆီးခံရတာတွေ ပိုများနိုင်တယ်လို့လည်း ဆိုပါတယ်။

Photo Credit-NLD

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013