DVB Logo
Home
ကျန်းမာရေး
Omicron Variant ကူးစက်ခံရရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ
DVB
·
December 1, 2021
Omicron Variant ကူးစက်ခံရရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ
1 / 2
Donate to DVB

ကိုဗစ် ဖြစ်ပွားခဲ့တာ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားမှာ (၂) နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒီလို (၂) နှစ် ပြည့်တော့မယ့်အချိန်မှာ ကာကွယ်ဆေးတွေလည်း ထုတ်လုပ်နိုင်ခဲ့သလို ကိုဗစ်ဗိုင်းရပ်စ်ကလည်း ဗီဇ အဆင့်ဆင့် ပြောင်းလဲခဲ့ပါတယ်။

ကာကွယ်ဆေးတွေကို လူအများစု ထိုးနှံပြီးတာကြောင့် ကိုဗစ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ အနည်းငယ် လျော့ကျလာဖွယ်ရှိသလို လုပ်ငန်းတွေ ပုံမှန် လည်ပတ်နိုင်တော့မယ်လို့ မျှော်လင့်နေချိန်မှာပဲ ကိုဗစ်ဗိုင်းရပ်စ်က နိုဝင်ဘာ လကုန်ပိုင်းလောက်မှာ မျိုးဗီဇ ပြောင်းလဲပြီး Omicron ဆိုတဲ့ နာမည်နဲ့ နိုင်ငံ အတော်များများမှာ ကူးစက် ဖြစ်ပွားမှုတွေ စတင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Omicron Variant ဆိုတာ ဘာလဲ ……

Omicron variant ဆိုတာ မျိုးဗီဇ ပြောင်းလဲမှုတွေ အဆင့်ဆင့် လုပ်ဆောင်ထားတဲ့ ကိုဗစ် မျိုးစိတ်သစ် တစ်မျိုးပါ။ တောင်အာဖရိက ဒေသတွေမှာ စတင် တွေ့ရှိခဲ့တာဖြစ်ပြီး အခုထိ တွေ့ရှိခဲ့သမျှ ကိုဗစ် ဗိုင်းရပ်စ် မျိုးစိတ်တွေထဲမှာ မျိုးဗီဇ အများဆုံး ပြောင်းလဲထားတဲ့ မျိုးစိတ် တစ်ရပ်ပါ။

Alpha မျိုးစိတ်၊ Delta မျိုးစိတ်တွေတုန်းကတောင် မျိုးဗီဇ ပြောင်းလဲမှုက ၂ ကြိမ် ကနေ ၃ ကြိမ်လောက်သာ လုပ်ဆောင်ထားတာပါ။ အခု အသစ်တွေ့ရှိတဲ့ ကိုဗစ် မျိုးစိတ်က ဗီဇ ပြောင်းလဲမှု အကြိမ် ၅၀ လောက် လုပ်ဆောင်ထားပြီး Spike protein အမျိုး ၃၀ ကျော် ပါဝင်နေတဲ့ coronavirus မျိုးစိတ် B.1.1.529 ပါ။

Alpha၊ Delta၊ Gamma မျိုးစိတ်တွေ နောက်မှ ထွက်ရှိလာတဲ့ မျိုးစိတ် တစ်ရပ်ပါ။ အခုတွေ့ရှိတဲ့ ကိုဗစ် မျိုးစိတ်သစ်က ပုံမှန်တွေ့ရှိနေကျ မျိုးဗီဇ ပြောင်းလဲမှုတွေနဲ့ မတူသလို အခြား ဗိုင်းရပ်စ် မျိုးစိတ်တွေနဲ့လည်း အတော် ကွဲပြားနေပါတယ်။ ကိုယ်ခံအားဆဲလ်တွေကို အကောင်းဆုံး ရှောင်တိမ်းနိုင်ဖွယ် ရှိပါတယ်။

ရောဂါ လက္ခဏာ ပိုပြင်းထန် နိုင်လား…..

အခုထိတော့ ဒီ Omicron မျိုးစိတ်ကြောင့် ကိုဗစ်ကို အရင်တုန်းက မျိုးစိတ်တွေ ကူးစက်ခံရတာထက် ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်လားဆိုတာကို အတိအကျ မသိရသေးပါဘူး။

အခုထိတော့ တောင်အာဖရိကဒေသတွေမှာ ရောဂါ ကူးစက်မှုကြောင့် ဆေးရုံ တက်ရောက်ကုသမှု ခံယူနေရသူ တော်တော်များပါတယ်။ ဒီလို ကူးစက်ခံရသူတွေထဲမှာ အသက် ၂၀ ဝန်းကျင်တွေ တော်တော်လေးများပါတယ်။ အကြောင်းကတော့ တောင်အာဖရိက လူဦးရေရဲ့ ၆ ရာခိုင်နှုန်းကပဲ အသက် ၆၅ နှစ် အထက်တွေ ဖြစ်နေတာကြောင့်ပါ။

ဒီလို ခံစားရတဲ့ လူငယ်တွေမှာ ပြင်းပြင်းထန်ထန် ခံစားရတာ မရှိပေမယ့် သက်ကြီးပိုင်းတွေမှာတော့ ပြင်းထန်နိုင်မလာဆိုတာကို တိတိကျကျ မသိရသေးပါဘူး။ အခုထိတော့ ဒီမျိုးစိတ် ကူးစက်ခံရရင် ရောဂါ လက္ခဏာ ပိုပြီး ပြင်းပြင်းထန်ထန် ခံစားရနိုင်လားဆိုတာကိုတော့ အတိအကျ ပြောဖို့ စောဦးမှာပါ။

ကူးစက်မှုက ပိုမြန် သလား …….

အခု အသစ်ထွက်ပေါ်လာတဲ့ Omicron မျိုးစိတ်က လူတစ်ဦးကနေ တစ်ဦးကို အရင်မျိုးစိတ်တွေထက် ပိုပြီး လွယ်လွယ်ကူကူ ကူးစက်နိုင်လားဆိုတာကိုလည်း တိတိကျကျ စမ်းသပ်သိရှိရတာမျိုး မရှိသေးပါဘူး။တောင်အာဖရိက ဒေသတွေက Omicron မျိုးစိတ် တွေ့ရှိခဲ့တဲ့ နေရာတွေမှာ ကိုဗစ် ကူးစက်ခံထားရသူတွေ တိုးလာနေပေမယ့် သူတို့ ကူးစက်ခံရတဲ့ မျိုးစိတ်က Omicron လား၊ အခြား မျိုးစိတ်လားဆိုတာကို တိတိကျကျ မသိရသေးပါဘူးလို့ WHO က သတင်းထုတ်ပြန်ထားပါတယ်။

ကာကွယ်ဆေးက ထိရောက်မှု ရှိမလား ……

တောင်အာဖရိကဒေသတွေမှာ ၂၆ ရာခိုင်နှုန်းလောက် ကိုဗစ် ကာကွယ်ဆေးတွေ ထိုးနှံပြီးချိန်မှာ ဒီမျိုးစိတ် အသစ်ကို တွေ့ရှိခဲ့တာ ဖြစ်တာကြောင့် Omicron အပေါ်မှာ ကာကွယ်ဆေးက သက်ရောက်မှု ရှိလားဆိုတာကို ပြောဖို့ကတော့ နည်းနည်း ခက်မှာပါ။

Omicron မျိုးစိတ်မှာ spike protein များစွာ ပါဝင်နေတာကြောင့် လက်ရှိ ကာကွယ်ဆေးတွေက ကိုယ်ခံအားအနေနဲ့ ကိုဗစ်ဗိုင်းရပ်စ်ကို သိရှိအောင် လုပ်ဆောင်ပေးနိုင်စွမ်း နည်းနေနိုင်ပါတယ်။ ဒါကြောင့် ထိရောက်မှု ကျနိုင်မလားဆိုတာကို သုတေသီတွေလည်း စိုးရိမ်နေကြပါတယ်။

ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ …..

အခုနောက်ဆုံး ထွက်ရှိခဲ့တဲ့ Omicron variant ကူးစက်ခံရသူတွေမှာ လက္ခဏာ မပြတာမျိုး ရှိနိုင်သလို မြင်နေကျ မဟုတ်တဲ့ လက္ခဏာတွေကိုလည်း တွေ့ရှိရပါတယ်။ Delta ကူးစက်ခံရတဲ့အခါ တွေ့ရတတ်တဲ့ လက္ခဏာတွေနဲ့လည်း ကွာခြားနေတာမျိုး ရှိပါတယ်လို့ သုတေသီတွေက ဆိုပါတယ်။

လက်ရှိအထိ တွေ့ရှိထားရတဲ့ လက္ခဏာတွေကတော့ Omicron variant ကူးစက်ခံရသူတွေမှာ

  • လည်ချောင်းက ယားတာ၊ နားတာ မျိုး ခံစားရနိုင်ပါတယ်။
  • ရောဂါပိုး ကူးစက်ခံရသူတွေမှာ အရမ်းပင်ပန်းနေတာ၊ ခြေကုန်လက်ပမ်းကျနေတာမျိုး ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာက အသက်အရွယ်တိုင်းမှာ ခံစားရတာပါ။
  • အောက်ဆီဂျင် တအားကျသွားတာမျိုးတော့ အခုထိ မတွေ့ရှိရသေးပါဘူး။
  • ကူးစက်ခံရသူ အများစုဟာလည်း သေချာလေး ကုသမှု ခံယူပြီးချိန်မှာ ပြန်လည် ကျန်းမာလာကြပါတယ်။
  • Omicron ကူးစက်ခံရသူတွေမှာ အနံ့ပျောက်တာ၊ အရသာ ပျက်တာမျိုး မရှိပါဘူး။

ကိုဗစ်ဆိုတာ ခန္ဓာကိုယ်မှာ ကူးစက်ခံရပြီဆိုကတည်းက ထိခိုက်မှုတွေရှိနိုင်တာကြောင့် ကာကွယ်မှု နည်းလမ်းတွေကို သေချာလေး လိုက်နာဖို့ ပြောပါရစေ။

 ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013