DVB Logo
Home
Lead Story
ကိုဗစ် မျိုးစိတ်သစ် Omicron
DVB
·
November 29, 2021
ကိုဗစ် မျိုးစိတ်သစ် Omicron
1 / 2
Donate to DVB

ကမ္ဘာတလွှားမှာ ကိုဗစ် ဖြစ်ပွားပြီး (၂) နှစ်နီးပါး အကြာမှာ ကိုဗစ် မူလမျိုးစိတ်က ဗီဇပြောင်းလဲမှုတွေ တော်တော်လေး ဖြစ်ပွားခဲ့ပါတယ်။ ဒီလို ကိုဗစ်ဗိုင်းရပ်စ်က မျိုးဗီဇ ပြောင်းလဲမှုတွေ​ကြောင့် ကာကွယ်ဆေးတွေ ထိုးပြီးတာတောင် ကူးစက်ခံရနိုင်ခြေရှိတယ်လို့ စိုးရိမ်မှုတွေ ဖြစ်ပေါ်နေချိန်မှာပဲ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO) က ကိုဗစ် မျိုးစိတ်သစ် တစ်မျိုး ဖြစ်ပေါ်နေပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကိုဗစ် မျိုးစိတ်သစ် Omicron ……..

ဒီကိုဗစ် မျိုးစိတ် အသစ်ကို Omicron လို့ အမည် ပေးထားပြီး နောက်ဆုံး ထွက်ရှိထားတဲ့ မျိုးစိတ် ဖြစ်သလို ဗီဇပြောင်းလဲမှု များစွာ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်တွေနဲ့ ပြောင်းလဲထားတဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ coronavirus မျိုးစိတ် B.1.1.529 ပါ။ အခုချိန်ထိ တွေ့ရှိသမျှ မျိုးစိတ်တွေထဲမှာ အရှည်ဆုံးသော မျိုးဗီဇ ပြောင်းလဲထားတဲ့မျိုးစိတ်ပါ။

လက်ရှိအထိ တွေ့ရှိသမျှထဲမှာ စိုးရိမ်စရာ အကောင်းဆုံး မျိုးစိတ်တစ်ခုလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတ်မှတ်ထားပါတယ်။ ဒီမျိုးစိတ် က ကိုဗစ် မျိုးစိတ်တွေဖြစ်တဲ့ Alpha မျိုးစိတ်နဲ့ Delta မျိုးစိတ်တွေ နောက်မှ ထွက်ရှိလာတဲ့ မျိုးစိတ် တစ်ခုပါ။

တောင်အာဖရိကရဲ့ Epidemic Response and Innovation စင်တာရဲ့ ဒါရိုက်တာကတော့ အခုတွေ့ရှိတဲ့ ကိုဗစ် မျိုးစိတ်သစ်က ပုံမှန်တွေ့ရှိနေကျ မျိုးဗီဇ ပြောင်းလဲမှုတွေနဲ့ မတူသလို အခြား ဗိုင်းရပ်စ် မျိုးစိတ်တွေနဲ့လည်း အတော် ကွဲပြားနေတယ်လို့ ဆိုပါတယ်။

ဘယ်လောက်ထိတောင် ဗီဇပြောင်းထားသလဲ...

အခုတွေ့ရှိတဲ့Omicron မျိုးစိတ်က အကြိမ် ၅၀ ကျော် မျီုးဗီ ဆင့်ကဲ ပြောင်းလဲထားတာ ဖြစ်ပြီး ဗိုင်းရပ်စ်ထဲမှာတင် spike protein အမျိုး ၃၀ ကျော် ပါဝင်နေပါတယ်။ သဘောကတော့ ဗီဇပြောင်းလဲမှု များစွာ လုပ်ဆောင် ထားနိုင်တာကြောင့် ကိုယ်ခံအားဆဲလ်တွေကို ကောင်းကောင်းရှောင်တိမ်းပြီး ဆဲလ်တွေထဲကို အလွယ်တကူ ဝင်ရောက်နိုင်တာပါ။

မကြာသေးခင်က ကမ္ဘာ့နိုင်ငံတွေကို အထိတ်တလန့်ဖြစ်အောင် ဂယက်ထခဲ့တဲ့ Delta မျိုးစိတ်ကတောင် ဗီဇပြောင်းလဲမှု ၂ ကြိမ်ပဲ ရှိခဲ့တာပါ။ ဒီမျိုးစိတ်က ရောဂါကို ခုခံနိုင်စွမ်း မရှိတဲ့ လူတစ်ဦးဦိးဆီကနေ စတင် ပြန့်နှံ့ခဲ့တာ ဖြစ်နိုင်ပါတယ်။

Omicron မျိုးစိတ်ဟာ လက်ရှိတွေ့ရှိသမျှထဲမှာတော့ အများဆုံး ဆင့်ကဲပြောင်းလဲထားတဲ့ ကိုဗစ် ဗိုင်းရပ်စ် တစ်မျိုးပါ။ လက်ရှိ တွေ့ရှိထားသမျှထဲမှာတော့ အပြင်းထန်ဆုံးသော မျိုးစိတ်ပါ။

လက်ရှိမှာ လူတိုင်းလိုလို သိချင်နေတဲ့ ဒီကိုဗစ်ဗိုင်းရပ်စ် မျိုးစိတ်အသစ်က ဘယ်လောက်ထိ မြန်မြန်ကူးစက်နိုင်လဲဆိုတာနဲ့ ကာကွယ်ဆေးထိုးထားရင်ရော ကာကွယ်နိုင်မလား ကူးစက်ခံရနိုင်ခြေ ရှိလားဆိုတဲ့ အချက်ပါ။

ဘယ်နိုင်ငံတွေမှာ ရောက်ရှိနေပြီလဲ …..

ဒီမျိုးစိတ် အသစ်ကို တောင်အာဖရိကမှာ စတင် တွေ့ရှိခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ရဲ့ ထုတ်ပြန်ချက် အရကတော့ နိုဝင်ဘာလ ၂၄ ရက်နေ့က Omicron မျိုးစိတ် ကိုဗစ် ဗိုင်းရပ်စ် အသစ်ကို Botswana၊ Belgium၊ Hong Kong နဲ့ Israel တို့မှာ တွေ့ရှိရပြီလို့ သိရပါတယ်။

ကမ္ဘာ့နိုင်ငံ အများစုကတော့ တောင်အာဖရိက နိုင်ငံတွေက ခရီးသွားတွေကို နိုင်ငံထဲ ဝင်ရောက်မှု ကန့်သတ်တာတွေ လုပ်ဆောင်ဖို့ လုပ်ဆောင်နေပါတယ်။ EU နိုင်ငံတွေ ရုရှား နဲ့ ယူကေနိုင်ငံတွေကလည်း ခရီးသွားလာခွင့်နဲ့ ပြည်ဝင်ခွင့်တွေကို ကန့်သတ်မှုတွေ လုပ်ဆောင်နေပါတယ်.။

မြန်မာနိုင်ငံကိုတော့ ရောက်ရှိတာမျိုး မရှိသေးပါဘူး။ လက်ရှိမှာ တွေ့ရှိထားတဲ့ နိုင်ငံတွေက မြန်မာနိုင်ငံနဲ့ ကူးလူးဆက်ဆံမှု အတော်လေး နည်းတာကြောင့် ရောက်ရှိလာနိုင်ခြေ နည်းတယ်ဆိုပေမယ့် သတိလက်လွတ်တော့ မနေသင့်ပါဘူး။

လက်ရှိမှာ ကာကွယ်ဆေး ထိုးပြီးပြီဆိုပြီး ခပ်ပေါပေါ့နေတာမျိုးတွေ မလုပ်ဖို့ လိုသလို မတ်ခ်တပ်တာ၊ လက်ဆေးတာ၊ လူစုလူဝေးရှောင်ကြဉ်တာလိုမျိုး ကိုဗစ် ကာကွယ်ရေး နည်းလမ်းတွေကိုတော့ ဆက်လက် လိုက်နာတာ အကောင်းဆုံးပါ။

အိပ်ရေးဝဝ အိပ်တာ၊ လေ့ကျင့်ခန်း လုပ်တာ၊ အာဟာရ ပြည့်ဝအောင် စားတာ၊ ဆေးလိပ်ဖြတ်တာ၊ အရက်သေစာရှောင်တာမျိုးတွေကို သေချာလေး လုပ်ဆောင်ဖို့ လိုပါမယ်။

လက်ရှိမှာ ကာကွယ်ဆေး မထိုးရသေးသူတွေ အနေနဲ့လည်း ကာကွယ်ဆေးတွေကို နှစ်ကြိမ်ပြည့်အောင် ထိုးနှံထားတာက အကောင်းဆုံးဖြစ်မှာပါ။ ကာကွယ်ဆေးက အပြည့်အဝ မကာကွယ်ပေးနိုင်ရင်တောင် ထိခိုက်မှု နည်းအောင်တော့ လုပ်ဆောင်ပေးမှာပါ။

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013