DVB Logo
Home
မြန်မာသတင်း
လူထုဒေါ်အမာ၏ ၁၀၆ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် ကျင်းပ
DVB
·
November 29, 2021
လူထုဒေါ်အမာ၏ ၁၀၆ နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် ကျင်းပ
1 / 4
Donate to DVB

မန္တလေးမြို့ အမရပူရမြို့နယ် တောင်သမာန်အင်းအနီး တောင်လေးလုံးကျောင်းမှာ နိုဝင်ဘာလ ၂၉ ရက် မနက်ပိုင်းက သတင်းစာဆရာ၊ စာရေးဆရာ လူထုဒေါ်အမာရဲ့ (၁၀၆) နှစ်မွေးနေ့ အထိမ်းအမှတ်ပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။

သတင်းစာဆရာ၊ စာရေးဆရာ လူထုဒေါ်အမာရဲ့ မွေးနေ့ အထိမ်းအမှတ်ပွဲ အရင်နှစ်တွေကလည်း ကျင်းပခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ အကျဉ်းချုံးကျင်းပတာလို့ သိရပါတယ်။

“ဒီနှစ်ကတော့ နိုင်ငံရေးအခြေအနေကြောင့် အကျဉ်းချုံး ကျင်းပလိုက်တာ။ ဆရာတော် လေးပါး ဆွမ်းကပ်တာပဲ လုပ်လိုက်တယ်။” လို့ မန္တလေးမြို့ခံ စာပေသမား တစ်ဦးက ပြောပါတယ်။

လူထု ဒေါ်အမာဟာ မြန်မာ့ စာပေလောကနဲ့ သတင်းစာလောကမှာ ထင်ရှားကျော်ကြားပြီး အမှန်တရားနဲ့ ပြည်သူလူထုဘက်က မားမားမတ်မတ်ရပ်တည်ကာ ကလောင်အစွမ်းနဲ့ ဆောင်ရွက်ခဲ့တဲ့ စာရေးဆရာ၊ သတင်းစာ ဆရာမကြီး တစ်ဦးဖြစ်ပါတယ်။

လူထုဒေါ်အမာ မွေးနေ့ကို အသက် ၇၀ ပြည့်တဲ့ ၁၉၈၅ ခုနှစ်မှ စတင်ကျင်းပခဲ့တာဖြစ်ပြီး အသက် ၉၃ နှစ်အရွယ် ၂၀၀၈ ခုနှစ် ဧပြီ ၇ ရက်နေ့ က မန္တလေးမြို့ရှိ နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013