DVB Logo
Home
မြန်မာသတင်း
အင်းဝမြို့ဟောင်းသို့ ခရီးသည်မလာသဖြင့် မြင်းလှည်းယာဉ်မောင်းများ စားဝတ်နေရေး ခက်ခဲ
DVB
·
November 29, 2021
အင်းဝမြို့ဟောင်းသို့ ခရီးသည်မလာသဖြင့် မြင်းလှည်းယာဉ်မောင်းများ စားဝတ်နေရေး ခက်ခဲ
Donate to DVB

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ခရီးသွားဧည့်သည် မလာတော့တဲ့အတွက် အင်းဝမြို့ဟောင်းမှာရှိတဲ့ မြင်းလှည်းယာဉ်မောင်းသူတွေ စားဝတ်နေရေး ခက်ခဲလာပြီး မြင်းအကောင်ရေ ၆၀ ရာနှုန်းလောက်အထိ ရောင်းချပစ်နေရတယ်လို့ သိရပါတယ်။

မြင်းလှည်းယာဉ်ဂိတ်ကို ခရီးသည်တင်ဆောင်တဲ့ လှည်းအစီးရေ ၂၀၀ လောက်ရှိပြီး ဂိတ်ကို လာရောက်ဂိတ်ထိုးတဲ့ မြင်းလှည်းက အစီးရေ ၂၀၀ နီးပါးလောက်ရှိတာကြောင့် မြင်းလှည်းအစီးရေ ၄၀၀ နီးပါးအထိ ရှိခဲ့တာလို့ မြင်းလှည်းယာဉ်အသင်းက ပြောပါတယ်။

အခုအချိန်မှာတော့ အင်းဝကို ဧည့်သည်မလာတော့တဲ့အတွက် မြင်းလှည်းငှားရမ်းသူ မရှိတာကြောင့် အင်းဝမြို့ဟောင်းထဲက မြင်းအကောင်ရေ ၆၀ ရာခိုင်နှုန်းလောက်ကို ရာင်းချပစ်ထားရတယ်လို့ မြင်းလှည်းယာဉ်မောင်းသူတစ်ဦးက ပြောပါတယ်။

“အခုကတော့ မြင်းလှည်းလုပ်စားခွင့် မကောာင်းတဲ့ကာလဖြစ်တဲ့အတွက် မြင်းတွေလည်းရောင်းစားထားတယ်။ ရောင်းစားထားတယ်ဆိုတာက မြင်းတွေ ကျွေးဖို့ အင်အားနည်းသွားတော့ မြင်းတွေကို ပြန်ပြီးတော့ ရောင်းထားကြတယ်ပေါ့လေ။ ရာသီ ကောင်းရင်တော့ မြင်းတွေပြန်ဝယ်ကြမှာပေါ့။  အခုလောလောဆယ် ရောင်းထားတဲ့မြင်းက အားလုံးပေါင်း ၆၀ ရာခိုင်နှုန်းလောက်တော့ရောင်းထားတယ်။ အခုလက်ရှိမှာတော့ ၄၀ ရာခိုင်နှုန်း လောက်တော့ ကျန်ပါသေးတယ်ခင်ဗျ။” 

မြင်းရောင်းချရာမှာ ပေါက်ဈေး ၈ သိန်း နဲ့ ၉ သိန်းကြား ရှိပေမယ့် ပေါက်ဈေးထက် လျော့ပြီး ၄ သိန်းနဲ့ ၅ သိန်းကြားသာ ရောင်းချနေရတယ်လို့ မြင်းရောင်းလိုက်ရသူတစ်ဦးက ပြောပါတယ်။

စားဝတ်နေရေးနဲ့ မြင်းကျွေးမွေးစရိတ်တွေ မတတ်နိုင်တော့တာကြောင့် ရောင်းချရတာဖြစ်ပြီး တချို့ မြင်းရောင်းသူတွေအနေနဲ့ မြင်းသတ်တဲ့နေရာတွေမှာပါ ရောင်းချလာရတယ်လို့ ဆိုပါတယ်။

“အမတို့ဆိုရင် မြင်းတွေရောင်းလိုက်ရလို့ မြင်းတွေ အကြွေးဖိုးတွေတောင်မရဘူး၊ မြင်းသမားတွေက လိမ်သွားတာ။ မြင်းလှည်းတွေရောင်းတဲ့သူ အလွန်ဆုံး အမတို့က အစီး ၂၀၀ ရှိတာလေ အစီး ၂၀၀ မှာ အကောင်ရေ ၅၀ လောက်ပဲရှိတော့တာ အကုန်ရောင်းပစ်ရတယ်။ ဘယ်လိုနေရာတွေမှာရောင်းလဲဆိုတော့ တောင်မြို့တို့ မန္တလေးတို့ အများဆုံး လာဝယ်တယ်။ နောက်ဆုံးအဆင့်ထိပြောရရင်တော့ သတ်တဲ့ လက်ထဲအထိ ရောင်းရတဲ့အဆင့်ထိ အမတို့မှာရှိတယ်။” 

အင်းဝကို မြင်းနဲ့လှည့်ပတ်မယ်ဆိုရင် မြင်းလှည်းဂိတ်က သတ်မှတ်ပေးထားတဲ့ ဘားဂရာကျောင်း၊ ရတနာဆီမီးဘုရား၊ မျှော်စင်၊ မယ်နုအုတ်ကျောင်း စတဲ့ ၄ နေရာကို လိုက်ပို့ပေးပြီး  ငွေကျပ်တစ်သောင်းခွဲ ယူတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013