DVB Logo
Home
မြန်မာသတင်း
စလင်းမြို့၊ မြို့မဈေး ဆိုင်ခန်းပေါင်း ၁၃၀ ခန့် မီးလောင်ဆုံးရှုံး
DVB
·
November 24, 2021
စလင်းမြို့၊ မြို့မဈေး ဆိုင်ခန်းပေါင်း ၁၃၀ ခန့် မီးလောင်ဆုံးရှုံး
Donate to DVB

မကွေးတိုင်း၊ စလင်းမြို့၊ ဈေးမရပ်ကွက်မှာရှိတဲ့ မြို့မဈေးမှာ နိုဝင်ဘာ ၂၃ ရက်နေ့ ညနေ ၆ နာရီခွဲလောက်က မီးလောင်ကျွမ်းခဲ့ရာမှာ  ဆိုင်ခန်းပေါင်း ၁၃၀ နီးပါး မီးထဲပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စလင်းမြို့မဈေးကြီးမှာ ဆိုင်ခန်းပေါင်း ၇၄၀ နီးပါးရှိတဲ့အနက်က ဆိုင်ခန်းပေါင်း ၁၃၀ နီးပါး မီးလောင်ကျွမ်းခဲ့တာလို့  မြို့မဈေးတာဝန်ရှိသူတွေဆီကသိရပြီး မီးလောင်တဲ့အကြောင်းရင်းနဲ့ မီးလောင်ဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးပါဘူး။

မနေ့ညနေ ၆ နာရီ ၂၅ မိနစ်က မီးစတင်လောင်ကျွမ်းခဲ့ပြီး ည ၇ နာရီ ၇ မိနစ်မှာ မီးထိန်းနိုင်ခဲ့ကာ ည ၇ နာရီ ၃၅ မိနစ်မှာ မီးငြိမ်းသွားတယ်လို့  မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပြီး မီးလောင်ကျွမ်းချိန် ၁ နာရီနီးပါး ကြာမြင့်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ မီးလောင်မှုကို မင်းဘူးခရိုင်မီးသတ်စခန်း၊ စလင်းမြို့နယ်မီးသတ်စခန်း၊ ဆင်ဖြူကျွန်းမြို့နယ်မီးသတ်စခန်း၊ ပွင့်ဖြူမြို့နယ်မီးသတ်စခန်း၊ ကံပြားနယ်မြေမီးသတ်စခန်းနဲ့ ကုန်းဇောင်းနယ်မြေမီးသတ်စခန်းတို့က မီးသတ်ယာဉ် ၁၃ စီးနဲ့ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ စလင်းမြို့နယ်မီးသတ်စခန်းက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်ညကလည်း  မကွေးတိုင်း၊ နတ်မောက်မြို့၊ မြို့မဈေးကြီး မီးလောင်ကျွမ်းခဲ့လို့ ဆိုင်ခန်းပေါင်း ၂၄၂ ခန်း တန်ဖိုးငွေကျပ် ၄၁၂ သိန်းကျော်ဖိုးလောက် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ 

မကွေးတိုင်းဒေသကြီးအတွင်းမှာ အခုနိုဝင်ဘာလ  တစ်လအတွင်း မြို့ ၂ မြို့က ဈေးကြီး ၂ ခု မီးလောင်ကျွမ်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013