DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး ဆိုးရွားစွာထိခိုက်၊ လူသန်းပေါင်းများစွာ ဆင်းရဲတွင်း ကျဆင်း
DVB
·
November 23, 2021
စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့စီးပွားရေး ဆိုးရွားစွာထိခိုက်၊ လူသန်းပေါင်းများစွာ ဆင်းရဲတွင်း ကျဆင်း
Donate to DVB

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့  စစ်တပ်အာဏာသိမ်းမှုဟာ ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ချိန်ကတည်းက ဆုတ်ယုတ်နေတဲ့ မြန်မာ့စီးပွားရေးကို ပိုမိုဆိုးရွားစွာ ထိခိုက်စေခဲ့တယ်လို့  နိုင်ငံတကာစီးပွားရေးသုံးသပ်ချက် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဘဏ်လုပ်ငန်း၊ ကုန်သွယ်ရေးနဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေဟာ နိုင်ငံရေး မငြိမ်သက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် ထိခိုက်နစ်နာခဲ့ရပြီး ၀င်ငွေရင်းမြစ်တွေလည်း ကျဆင်းလာပြီးတော့ လူသန်းပေါင်းများစွာ ဆင်းရဲတွင်းထဲ ကျဆင်းသွားခဲ့ရတယ်လို့ဆိုပါတယ်။ 

အာဏာသိမ်းမှု ရလဒ်ကြောင့် တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးရေး မိတ်ဖက် အဖွဲ့အစည်းတွေလည်း သူတို့ရဲ့ချေးငွေများနဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းခဲ့ပါတယ်။ နိုင်ငံတော်သုံးငွေ ကျပ်ငွေတန်ဖိုး ကျဆင်းတာ၊ စားနပ်ရိက္ခာဖောင်းပွမှု ပြင်းထန်လာတာတို့ကြောင့် အလုပ်လက်မဲ့ဖြစ်ရတဲ့ လူဦးရေကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်။ 

အကျိုးအမြတ်ရှိတဲ့ ခရီးသွားကဏ္ဍလည်း ချည့်နဲ့နေပါတယ်။ မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ အခုနှစ်မှာ ၁၈ ဒသမ ၄ ရာခိုင်နှုန်း ကျုံ့သွားလိမ့်မယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ မာတင်ဂရစ်ဖစ်က ပဋိပက္ခနဲ့ မလုံခြုံမှု၊ ကိုဗစ်-၁၉ နဲ့ စီးပွားရေး မအောင်မြင်မှုတွေကြောင့် အသက်ကယ်အကူအညီ လိုအပ်နေတဲ့ လူ ၃ သန်းကျော်ဆီ အတားအဆီးမဲ့ ဝင်ရောက်ခွင့်ပြုဖို့ မြန်မာစစ်ခေါင်းဆောင်တွေ ကို မကြာသေးမီက မေတ္တာရပ်ခံခဲ့ပါတယ်။ 

မြို့ကြီးတွေမှာ စားနပ်ရိက္ခာ မလုံလောက်မှု မြင့်တက်လာမှု သတင်းတွေနဲ့ ပတ်သက်လို့ ပိုပြီးစိုးရိမ်လာရပါတယ်။ မြန်မာနိုင်ငံရှိ နိုင်ငံခြားစီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ဧပြီလ အစီရင်ခံစာ မှာ အာဏာသိမ်းမှုဟာ ပြည်တွင်းမှာဖြစ်စေ၊ ပြည်ပဖြစ်စေ ကုမ္ပဏီအားလုံးကို ထိပါးစေခဲ့ပြီး အခြေအနေမတည်ငြိမ်လို့ နိုင်ငံတွင်းကနေ ထွက်ခွာသွားကြောင်း ထင်ရှားနေပါတယ်။ 

မြန်မာနိုင်ငံရဲ့ဘဏ္ဍာရေးနှစ်ဟာ ၁၉၇၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိတိုင် ဧပြီ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အကြား တည်ရှိခဲ့ပေမယ့် ၂၀၁၈ ခုနှစ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရက ဘဏ္ဍာနှစ်ကို အောက်တိုဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ခြောက်လတာကာလအတွင်း အသေးစားဘတ်ဂျက်ကို ရေးဆွဲခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ ပို့ကုန်နဲ့သွင်းကုန် နှစ်ခုစလုံး ကျဆင်းနေတာကြောင့် လွန်ခဲ့တဲ့ တစ်လတာ ကာလအတွင်း နိုင်ငံခြား ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၃၁၀ နီးပါး ကျဆင်းသွားကြောင်း စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။ 

အခုနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ပို့ကုန်တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကျော်သာ ရှိပေမယ့် သွင်းကုန်တန်ဖိုးမှာ ကန်ဒေါ်လာ ၁၆၄ သန်းကျော် လျော့နည်းပြီး သွင်းကုန်တန်ဖိုး ကန်ဒေါ်လာ ၁ ဒသမ ၂၅ ဘီလီယံနဲ့ ကန်ဒေါ်လာ ၁၄၅ သန်းကျော် လျော့နည်းခဲ့ပါတယ်။ 

Ref- Fibre2fashion.com

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013