DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်တပ်က ပြည်သူ ၁,၂၉၀ နီးပါးကို ပစ်ခတ်သတ်ဖြတ်၊ ဖမ်းဆီးခံရသူ ၁၀,၃၈၀ ထိ ရှိလာ
DVB
·
November 23, 2021
အကြမ်းဖက်စစ်တပ်က ပြည်သူ ၁,၂၉၀ နီးပါးကို ပစ်ခတ်သတ်ဖြတ်၊ ဖမ်းဆီးခံရသူ ၁၀,၃၈၀ ထိ ရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လခွဲကျော်အကြာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၂၈၆ ယောက်ထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၂ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၁၀,၃၈၀ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၇,၄၇၆ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၉၇ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြုလုပ်ထားတဲ့ အထက်တန်းပြကျောင်းဆရာမ ဒေါ်ချယ်ရီသက်ရှည်ကို အရပ်ဝတ်တွေ ဝတ်ဆင်ထားတဲ့ အကြမ်းဖက်စစ်အုပ်စုက နိုဝင်ဘာ ၂၀ ရက်နေ့မှာ ဖမ်းဆီးသွားခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၂၀ ရက်နေ့မှာပဲ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှ သပိတ်ခေါင်း ဆောင်တယောက်ဖြစ်တဲ့ ကိုဝေလင်းကို ကျီးအိပ်ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖမ်းဆီးချိန်မှာ မတွေ့တာကြောင့် သူ့ရဲ့အစ်မဖြစ်သူ မမိုးမူကို ဓားစာခံအဖြစ် ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၈ ရက်နေ့ ည ၁၁ နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်မှ အလွတ်တန်းသတင်းထောက်တစ်ဦးဖြစ်သူ ဒေါ်ယဉ်ယဉ်သိန်း(နဘား)ကို အကြမ်းဖက်စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေး လ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေ ဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013