DVB Logo
Home
မြန်မာသတင်း
လားရှိုးမြို့တွင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွား
DVB
·
November 22, 2021
လားရှိုးမြို့တွင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွား
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ရပ်ကွက်တချို့မှာ  မနေ့ည သန်းခေါင်းကျော်  နိုဝင်ဘာ ၂၂ ရက် မနက် အစောပိုင်းက  ပေါက်ကွဲမှုတွေနဲ့  ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

"မနေ့ည တစ်နာရီခွဲက ပေါက်ကွဲသံအကျယ်ကြီး ငါးချက်လောက်ကြားရတယ်၊ အိမ်တွေပါတုန်ပြီးတော့ နှစ်နာရီ‌ ကျော်လောက်မှာ လက်နက်ငယ် ပစ်ခတ်သံတွေ ထပ်ကြားရတယ်" လို့ မြို့ခံတွေကဆိုပါတယ်။

ပစ်ခတ်မှုကြောင့် လူတွေထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေကတော့ မရရှိသေးပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေစခန်းချနေတယ်လို့ ထင်မြင်ယူဆရတဲ့ နေရာတွေကို စစ်တပ်အတွင်းကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာဖြစ်နိုင်တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"တော်လှန်ရေးတပ်ဖွဲ့တွေ စခန်း‌နေချတယ်လို့ ယူဆတဲ့နေရာတွေကို လားရှိုးစစ်တပ်က လက်နက်ကြီးနဲ့လှမ်းထုတာလို့‌ကြားတယ်၊ တပ်က ဒရုမ်းနဲ့  ပတ်ကြည့်တယ်၊ မသင်္ကာတဲ့ နေရာကို ထုတယ်။”

လားရှိုးမြို့နယ်မှာ  အကြမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းတွေနဲ့ MNDAA ကိုးကန့်တပ်ကြား ပစ်ခိုက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာရှိခဲ့ပါတယ်။

"ဒီလပိုင်းအတွင်း လားရှိုးနဲ့ ၁ဝ မိုင်လောက်ဝေးတဲ့ စစ်တပ်စိုက်ပျိုးရေးအနီး ဘုံမွန်နားမှာ MNDAAတပ်နဲ့ တိုက်ပွဲနှစ်ကြိမ်းလောက်ဖြစ်တာရှိတယ်။ ပြည်ထောင်စုလမ်းမကြီးဘေးမှာဖြစ်လို့ ခရီးသွားကားတွေ ရပ်စောင့်ရတာတွေရှိခဲ့တယ်။ လားရှိုးမြို့နယ်ထဲက မိုင်းယော်တိုက်နယ်ဘက်မှာလည်း တိုက်ပွဲဖြစ်တာတွေရှိခဲ့တယ်" လို့ ဒေသခံက ပြောပါတယ်။

မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ကလည်း စစ်အာဏာရှင် စနစ်ကို ခုခံတွန်းလှန်သွားမယ်လို့ ထုတ်ပြန်ထားပြီး လားရှိုးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက် ခံဌာနဆိုင်ရာရုံးတချို့ တိုက် ခိုက်ခံရတာတွေလည်းရှိနေပါတယ်။

လားရှိုးအခြေစိုက် စစ်ကောင်စီတပ်ရင်း (၂) ခု၊ မြို့နယ်ရဲတပ် ဖွဲ့မှူးရုံး၊ အမှတ်(၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်လဝကရုံး၊ ယာဉ်ထိန်းရုံးနဲ့ စစ်တပ်သတင်းပေးလို့ သတ် မှတ်ခံရသူ တယောက်ရဲ့ နေအိမ်တို့ကို တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

လားရှို့မြို့ခံတဦးက "ဒီလအတွင်းမှာပဲ လဝကရုံးနဲ့ ယာဉ်ထိန်းရုံး ဗုံးပစ်ခံရတယ်။ ပြီးခဲ့တဲ့ရက်ကလည်း မြို့ပေါ်မှာ သေနတ်ပစ်ဖောက်တာတွေရှိခဲ့တယ်၊ ဘယ်အဖွဲ့ကလု ပ်တာလည်းတော့ မသိဘူး" လို့ ပြောပါတယ်။

လားရှိုးမြို့မှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ပြည်သူတွေကို စစ်ကောင်စီတပ်တွေက ကျည်အစစ်သုံးကာ ပစ်ခတ်သတ်ဖြတ်ဖြိုခွင်းတာတွေ ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013