DVB Logo
Home
မြန်မာသတင်း
မိုးဗြဲဒေသကို စစ်တပ်အင်အား ၅၀၀ ခန့်ဖြင့်ပိတ်ဆို့ ထိုးစစ်ဆင်၊ ပြည်သူ ၅၀၀၀ ခန့် အိုးအိမ်စွန့် ထွက်ပြေး
DVB
·
November 20, 2021
မိုးဗြဲဒေသကို စစ်တပ်အင်အား ၅၀၀ ခန့်ဖြင့်ပိတ်ဆို့ ထိုးစစ်ဆင်၊ ပြည်သူ ၅၀၀၀ ခန့် အိုးအိမ်စွန့် ထွက်ပြေး
1 / 3
Donate to DVB

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်စပ်မှာရှိတဲ့  မိုးဗြဲဒေသကို  ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတင်က အင်အား ၅၀၀ ဝန်းကျင်နဲ့ ပိတ်ဆို့ ထိုးစစ်ဆင်နေတာကြောင့် မိုးဗြဲနဲ့ ဒီးမော့ဆိုက ပြည်သူ ၅၀၀၀ ကျော်   ထပ်မံ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲဒေသကို စစ်ကောင်စီတပ်တွေက အင်အားသုံးပြီး နိုဝင်ဘာ ၁၈ ရက်ကလို့  စစ်ကြောင်း ၄ ကြောင်းခွဲကာ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ထိုးစစ်ကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာ ထပ်မံထွက်ပြေး တိမ်းရှောင်နေရတာကြောင့် ကယားပြည်နယ်မှာ စစ်ဘေးရှောင်ဦးရေ ပိုမိုတိုးပွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကြောင်းက မိုးဗြဲမှာရှိမယ်၊ လွယ်ယင်းမင်္ဂလာမှာ တကြောင်းရှိမယ်၊ ပီကင်းဘက်မှာ တကြောင်း ရှိမယ်၊ ဒီးမော့ဆိုဘက်မှာ တကြောင်းရှိမယ်၊ လွိုင်ကော်ဘက်မှာလည်းရှိတယ်၊ ကျနော်တို့ရွာတွေက ကြားညပ်နေတော့ ရွာငါးရွာက လူဦးရေ ငါးထောင်ကျော် ရွာကိုစွန့်ပြီးတိမ်းရှောင်နေရတယ်"လို့ စစ်ဘေးရှောင် အရပ်သားပြည်သူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲမြို့ပတ်ပတ်လည်ကို စစ်ကောင်စီက နိုဝင်ဘာ ၁၈ ရက်နေ့ကစပြီး  အင်အား ၅၀၀ ဝန်းကျင်နဲ့ ချည်းကပ်လာတာဖြစ်ပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေက မြို့ထွက်ပေါက်အားလုံးနဲ့ အရေးကြီးတဲ့တောင်ကုန်းတွေကို နေရာယူထားပြီး လက်နက်ကြီး ပစ်ခတ်နေပါတယ်။

စစ်ကောင်စီရဲ့ လှုပ်ရှားမှုတွေအရတော့ မိုးဗြဲကို အလုံးစုံထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ပုံစံဖြစ်နေပြီး မိုးဗြဲ PDF အနေနဲ့ကတော့ မဟာမိတ်တပ်တွေနဲ့ပူးပေါင်းပြီး အစွမ်းကုန်ခုခံတွန်းလှန်သွားမယ်လို့ ပြန်ကြားရေးတာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။

မိုးဗြဲမြို့ပေါ်မှာနေထိုင်တဲ့ ဒေသခံပြည်သူအများစုက နေရပ်စွန့်ခွာထွက်ပြေးနေကြပေမယ့် မြို့ကမထွက်နိုင်သေးတဲ့ ပြည်သူတွေလည်း ရှိနေပါသေးတယ်။

စစ်ကောင်စီက ရှောင်ပြေးနိုင်မယ့်လမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားတာကြောင့် ဒေသခံတွေအတွက် စိုးရိမ်စရာအနေအထား ဖြစ်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက သူတို့ကို အပြင်းအထန်ခုခံတွန်းလှန်နေတဲ့ PDFတွေ အင်အားကောင်းရာ မြန်မာနိုင်ငံအနောက်မြောက်စစ်ဒေသ၊ ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်အစပ်တို့ကို အင်အားအလွန်အကျွံသုံးပြီး ထိုးစစ်ဆင်နေတာပါ။

အနောက်မြောက်ဒေသမှာဆိုရင် လေယာဉ်အသုံးပြုပြီး ထိုးစစ်ဆင်နေသလို မိုးဗြဲမှာလည်း လေယာဉ်အသုံးပြုပြီး ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာကို တွေ့ရတယ်လို့ မိုးဗြဲ PDF တာဝန်ရှိသူက ပြောပါတယ်။ 

ကယားပြည်နယ်နဲ့ ရှမ်း- ကယားနယ်စပ်‌ ဖယ်ခုံနဲ့ မိုးဗြဲဒေသမှာ စစ်ရေးတင်းမာနေတာကြောင့် အရပ်သားပြည်သူ သောင်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရကာ နေထိုင်စားသောက်ဖို့အတွက်လည်း အကူအညီ‌တွေ လိုအပ်နေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013