DVB Logo
Home
မြန်မာသတင်း
သံဖြူဇရပ်တွင် ဘုရားဖူးကားတိမ်မှောက်၊ ၁ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာ ပြင်းထန်
DVB
·
November 20, 2021
သံဖြူဇရပ်တွင် ဘုရားဖူးကားတိမ်မှောက်၊ ၁ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာ ပြင်းထန်
1 / 2
Donate to DVB

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် စက်စဲလမ်းဆုံးအနီးမှာ ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က ဘုရားဖူးသွားတဲ့ ကားတိမ်းမှောက်ကာ ၁ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာ ပြင်းထန်တယ်လို့ လူမှုကယ်ရေးအဖွဲ့တွေက DVB ကို ပြောပါတယ်။

မော်လမြိုင်ကနေ ကျိုက္ခမီကို ဘုရားဖူးသွားတဲ့ ဟိုက်ဂျက်အဖြူရောင်ကားဟာ စက်စဲလမ်းဆုံးအနီးမှာ လမ်းချော်တိမ်မှောက်ပြီး ရော်ဘာခြံအတွင်း ဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီကားတိမ်းမှောက်မှုကြောင့် ကားခေါင်းခန်းထိုင် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး၊ ၈ ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ပြင်းထန်ဒဏ်ရာရရှိသူ ၈ ဦးထဲမှာ အမျိုးသမီး ၃ ဦးဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ ဝင်တစ်ဦးက ပြောပါတယ်။

ကားတိမ်းမှောက်မှုကြောင့် သေဆုံးသွားတဲ့ အမျိုးသား အပါအဝင် ပြင်းထန်ဒဏ်ရာရသူ ၈ ဦးစလုံးကို သံဖြူဇရပ်ပြည်သူ့ဆေးရုံကနေ မော်လမြိုင်ပြည်သူ့ဆေးရုံကို လွှဲပြောင်း ပို့ဆောင်ထားပါတယ်။

သံဖြူဇရပ်မြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကားတိုက်မှုဖြစ်ခဲ့ပြီး ၅ ဦးထက်မနည်း သေဆုံးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013