DVB Logo
Home
မြန်မာသတင်း
အကြမ်းဖက်စစ်တပ်ပစ်သတ်ခံရသူအယောက် ၁၂၇၀၊ ဖမ်းဆီးခံရသူပေါင်း ၁၀,၂၄၀ နီးပါးရှိလာ
DVB
·
November 18, 2021
အကြမ်းဖက်စစ်တပ်ပစ်သတ်ခံရသူအယောက် ၁၂၇၀၊ ဖမ်းဆီးခံရသူပေါင်း ၁၀,၂၄၀ နီးပါးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လခွဲကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၂၇၀ ယောက်ထိရှိပြီလို့ နိုင်ငံရေးအ ကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၁၇ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၁၀,၂၃၉ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၇,၃၄၄ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၉၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းဟာ စစ်ကိုင်း တိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ကွမ်းအုံကျေးရွာကို ဝင်ရောက်လာတာကြောင့် ဒေသခံရွာ သားတွေ ထွက်ပြေးခဲ့ကြပြီး ထွက်မပြေးဘဲ ကျန်ခဲ့တဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ ကိုအောင်ကိုဝင်းကို ပစ်သတ်သွားခဲ့ကြောင်း သိရှိရပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မိထ္ထီလာမြို့မှာ နေထိုင်တဲ့ မိထ္ထီလာ နည်းပညာတက္ကသိုလ် စက်မှု အင်ဂျင်နီယာ စတုတ္ထနှစ် ကျောင်းသား ကိုအောင်ခန့်မင်းထိန်ကို မိတ္ထီလာထောင်တွင်းတ ရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ကြောင်း သိရှိရပါ တယ်။ မေလ ၁၆ ရက်နေ့က ကိုအောင်ခန့်မင်းထိန်ရဲ့ နေအိမ်ကို အကြမ်းဖက်စစ်အုပ်စုမှ စီးနင်းဝင်ရောက်ပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013