DVB Logo
Home
မြန်မာသတင်း
ငါး၊ ပုစွန်မွေးမြူရေး ကုမ္ပဏီ လုပ်ငန်း ၁၁၄ ခုကို စစ်ကောင်စီက ကိုဗစ်ချေးငွေထုတ်ပေး
DVB
·
November 17, 2021
ငါး၊ ပုစွန်မွေးမြူရေး ကုမ္ပဏီ လုပ်ငန်း ၁၁၄ ခုကို စစ်ကောင်စီက ကိုဗစ်ချေးငွေထုတ်ပေး
Donate to DVB

ငါး၊ ပုစွန်နဲ့မွေးမြူရေးကဏ္ဍအတွက် ချေးငွေထုတ်ပေးဖို့ လာရောက်လျှောက်ထားတဲ့ ကုမ္ပဏီ၊လုပ်ငန်းတွေထဲက ၁၁၄ ခုကို ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ထုတ်ယူခွင့်ပြုလိုက်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီက  နိုဝင်ဘာ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ကိုဗစ်ချေးငွေအတွက် တနိုင်ငံလုံးအတိုင်းအတာအနေနဲ့  လာရောက်လျှောက်ထားသူ ခန့်မှန်းခြေ ၃၆၀ ဦးရှိတဲ့အနက် ၁၁၄ ဦးသာ စာရင်းထုတ်ပြန်နိုင်သေးတာကြောင့် ကျန်ရှိသူတွေကိုလည်း ဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့  ချေးငွေစိစစ်ရေးမှာ ပါဝင်တဲ့ပုဂ္ဂိုလ်တဦးက ပြောပါတယ်။

စိစစ်ရွေးချယ်မှုအခြေအနေနဲ့ပတ်သတ်ပြီး ကိုယ်တိုင်ပါဝင်စိစစ်ပေးခဲ့တဲ့ပုဂ္ဂိုလ်က “အခုထုတ်ပြန်တာက ပထမအကြိမ်ပဲ ရှိသေးတယ်။ နောက်ထပ် ဒုတိယအကြိမ်၊ တတိယအကြိမ်တွေ လာပါဦးမယ်။ အခုထုတ်ပေးလိုက်တဲ့ စာရင်းက မွေးမြူရေးရော ရေလုပ်ငန်းရော ၂ ခုစလုံးအတွက် ရောပြီး ထုတ်ပေးခဲ့တာပါ” လို့ပြောပါတယ်။

ချေးငွေလျှောက်ထားသူတွေထံက တင်ပြလာတဲ့ စာရွက်စာတမ်းတွေကို မွေးကုဦးစီးဌာနက အရင်စစ်ဆေးပြီး CPA လက်မှတ်ရတဲ့ Audit အဖွဲ့တွေကလည်း Financial report ကိုစစ်ဆေး ပါတယ်။ ဒီနောက်မှာတော့  လျှောက်ထားတဲ့ ကုမ္ပဏီကို ခန့်မှန်းခြေ ဘယ်လောက်ပေးသင့်တယ်ဆိုတာ ရာဖြတ်အဖွဲ့ကဆုံးဖြတ်ပေးပြီးမှ ဝန်ကြီးဌာနက ထပ်စစ်ဆေးကာ  ချေးငွေရရှိတဲ့ သူတွေရဲ့စာရင်းကို ထုတ်ပြန်ပေးတာလို့ သိရပါတယ်။ 

ဒါကြောင့် ချေးငွေနဲ့ပတ်သတ်ပြီး လျှောက်ထားသူတွေအနေဖြင့် အချက်အလက်တွေ ပြည့်စုံမှန်ကန်အောင် ဆောင်ရွက်ထားဖို့လိုတယ်လို့  အဆိုပါ ပုဂ္ဂိုလ်က ဆက်လက်ပြောပါတယ်။

“ဒိအတွက် ခြံလုပ်ငန်းမှတ်ပုံတင်၊ အခွန်ဆောင်ထားတဲ့ ပြေစာတွေ တင်ရတယ်။ ပြီးတော့ ဝင်ငွေ ထွက်ငွေစာရင်းတွေ ပြရတယ်။ အဲ့အပေါ်မှာ ခြုံငုံပြီးတော့ သုံးသပ်ကြတာပေါ့။ လုပ်ငန်းလုပ်တဲ့သူက အနည်းဆုံး ၂ နှစ်ကျော် ၃နှစ်ရှိရမယ်။ အဲ့ဒိလိုမျိုး အကုန်ပြည့်စုံမှ ပထမအဆင့် အောင်တာပေါ့နော်။ ချေးငွေအနေနဲ့ လုပ်ငန်းအသေးအကြီးအပေါ်မူတည်ပြီးတော့ ဒီတခေါက်က သိန်း တရာလောက် ရကြပါတယ်။ ခြံအသေးလေးတွေ လုပ်ငန်း အသေးလေးတွေပေါ့နော်။ လုပ်ငန်းကြီးတွေကတော့ သူတို့လျှောက်တဲ့အပေါ်မူတည်ပြီး သိန်း သုံးထောင်ကနေ သိန်း ငါးထောင်ကြား ရကြတယ်။”

ချေးငွေစာရင်းထုတ်ယူခွင့်ပါတဲ့သူတွေအနေဖြင့် ကုန်သည်စက်မှုအသင်းချုပ်မှာ ထောက်ခံချက် ယူပြီးတဲ့နောက် ဘဏ်နဲ့ ချိတ်ဆက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ချေးငွေအတွက် သတ်မှတ်ထားတဲ့ကာလမှာ တနှစ် သတ်မှတ်ထားပြီး အတိုးနှုန်းကတော့ ကင်းလွတ်ခွင့်ရရှိမှာဖြစ်ပါတယ်။

ဒါပေမဲ့ ဘဏ်လုပ်ထုံးလုပ်နည်းနဲ့အညီ  စိစစ်ပြီး ချေးငွေထုတ်ပေးရာမှာ ဘဏ်တခုခုမှ တရားစွဲဆိုခံထားရတဲ့ လုပ်ငန်းဖြစ်ပါက ချေးငွေ ရရှိမှာ မဟုတ်ဘူးလို့ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီကထံက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013