DVB Logo
Home
မြန်မာသတင်း
မီးနေသည်အမျိုးသမီးအား အဓမ္မပြုကျင့်ခဲ့သည့် အကြမ်းဖက်စစ်တပ်ကို လက်တုံ့ပြန်မည်ဟု ZFU ထုတ်ပြန်
DVB
·
November 16, 2021
မီးနေသည်အမျိုးသမီးအား အဓမ္မပြုကျင့်ခဲ့သည့် အကြမ်းဖက်စစ်တပ်ကို လက်တုံ့ပြန်မည်ဟု ZFU ထုတ်ပြန်
Donate to DVB

ချင်းပြည်နယ် တီးတိန်မြို့နယ် အပ်လွယ်ကျေးရွာက မီးနေသည် အမျိုးသမီးတစ်ယောက်အား အကြမ်းဖက်စစ်တပ်က အဓမ္မပြုကျင့်ခဲ့မှုဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်ပြီး နစ်နာသူအားလုံးအတွက် လက်တုံ့ပြန်သွားမယ်လို့ ဇိုမီးဖက်ဒရယ် အစည်းအရုံး (ZFU) က ပြောကြားလိုက်ပါတယ်။

ချင်းပြည်နယ် တီးတိန်မြို့နယ် အပ်လွယ်ကျေးရွာမှာ နိုဝင်ဘာ ၁၁ ရက်နေ့က အကြမ်းဖက်စစ်သား ၃ ယောက်က ခင်ပွန်းဖြစ်သူကို နှိပ်စက်ပြီးတော့ မီးနေသည် အမျိုးသမီးကို ခင်ပွန်းရဲ့ရှေ့မှာ အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး လက်ဝတ်ရတနာတွေကို လုယူသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ လက်ပါးစေတွေဟာ လူမဆန်တဲ့ ရိုင်းစိုင်းယုတ်မာမှုတွေကို ဖုံးဖိဖို့ ကြိုးစားပြီး အဲဒီဖြစ်စဥ်ကို ထုတ်ဖော်ပြောကြားတဲ့ ကာယကံရှင်မိသားစုနဲ့ တစ်ခြားသူတွေရဲ့ အသက်အန္တရာယ်တွေကို ခြိမ်းခြောက်လာတာဟာ လူခွင့်ရေးချိုးဖောက်ပြီး ဇိုမီးလူမျိုး၊ ချင်းတမျိုးသားလုံးနဲ့ မြန်မာတစ်နိုင်ငံက ပြည်သူတရပ်လုံးကို အနိုင်ကျင့်စော်ကားတာလို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ အဓမ္မပြုကျင့်ခံခဲ့ရသူနဲ့ မိသားစုကို လက်ရှိမှာ ZFU က ကာကွယ်စောင့်ရှောက်ထားပြီး လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ ဆေးဝါးကုသပြီး ပံ့ပိုးတာတွေ ပြုလုပ်ပေးထားတယ်လို့ ဆိုပါတယ်။

အခုလို ရိုင်းစိုင်းယုတ်မာမှုတွေဟာ အကြမ်းဖက်စစ်တပ်အနေနဲ့ နှစ်ပေါင်းများစွာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ကလည်း အဓမ္မပြုကျင့်တဲ့ဖြစ်စဉ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း၊ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေး အရှက်တရားနဲ့ အသက်၊ အခွင့်အရေးတို့ကို ချိုးဖောက်တာဖြစ်ပြီး ချင်းတမျိုးသားလုံးနဲ့ မြန်မာပြည်သူတွေကို စော်ကားတာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ကလည်း ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် ဖာခတ် ကျေးရွာမှာ ခြံစောင့်နေတဲ့ အသက် ၆၂ နှစ်အရွယ် ကချင်အမျိုးသမီးတစ်ယောက်ကို အကြမ်းဖက်စစ်ကောင်စီ တပ်သားတစ်ယောက်က အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013