DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့ စစ်ကောင်စီ ငါးရံ့အင်းတပ်စခန်း တိုက်ခိုက်ခံရ
DVB
·
November 15, 2021
မိုးကုတ်မြို့ စစ်ကောင်စီ ငါးရံ့အင်းတပ်စခန်း တိုက်ခိုက်ခံရ
Donate to DVB

မန္တလေးတိုင်း မိုးကုတ်မြို့က စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်တဲ့ ငါးရံ့အင်းစခန်းကို နိုဝင်ဘာ ၁၄ ရက်နေ့ ညနေ ၆ နာရီလောက် ပတ္တမြားမြေ PDF အဖွဲ့က လက်နက်ငယ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ရဲကင်းစခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၅ ရက်နေ့မနက် ၂ နာရီဝန်းကျင်လောက်မှာ လယ်ဦးဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ငါးရံ့အင်းစခန်းက တိုက်ခိုက်ခံရတာ၊ အထိအခိုက်စာရင်းက မသိရသေးဘူး။ ညဘက်က လယ်ဦးဘက်ကနေ စကစ က လက်နက်ကြီးနဲ့ပစ်တာ၊ ၁၀ ချက် လောက်ရှိတယ်၊ ဘယ်ကိုပစ်လည်း မသိဘူး၊ အိမ်တွေပါတုန်တယ်။” 

ပတ္တမြားမြေ PDF အဖွဲ့က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ငါးရံ့အင်းစခန်းနဲ့ လယ်ဦးရပ်ကွက်မှာ ကင်းပုန်းချထားတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ 

မိုးကုတ်မြို့မှာ နိုဝင်ဘာ ၁၄ ရက်နေ့ည ၁၀ နာရီ ဝန်းကျင်ကလည်း အချုပ်ထောင်အနီးမှာ သေနတ်ပစ်ခတ်သံတွေကြားခဲ့ရပြီး နိုဝင်ဘာ ၁၅ ရက်နေ့မှာတော့ စစ်ကောင်စီတပ်တွေက အချုပ်ထောင်ရှေ့လမ်းကို ပိတ်ထားတယ်လို့ သိရပါတယ်။

မိုးကုတ်မြို့ ပိတ်စွယ်ရပ်ကွက်က အထက ၂ ကျောင်းအနီးမှာ နိုဝင်ဘာ ၁၄ ရက်နေ့ညနေ ၅ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013