DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက အဂတိအမှု ၈ မှု ထပ်တိုးအမှုဖွင့်
DVB
·
November 13, 2021
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက အဂတိအမှု ၈ မှု ထပ်တိုးအမှုဖွင့်
Donate to DVB

မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာအေးဇံကို အာဏာသိမ်းစစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၈ မှု ထပ်တိုးပြီး အမှုဖွင့်အရေးယူထားတယ်လို့ ဝန်ကြီးချုပ်နဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက အာဏာရှင်ဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ဝန်ထမ်းတွေအနေနဲ့ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့် အရေးယူထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဧပြီလမှာတော့ တာဝန်ယူစဉ် လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီး စီးပွားရေးလုပ်ငန်းရှင်တွေထံကနေ ငွေကြေးရယူခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ ထပ်မံ အမှုဖွင့်ခဲ့ပါတယ်။

အခုအခါမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက အဂတိမှု နောက်ထပ်  ၈ မှု ထပ်တိုးဖွင့်လှစ်လိုက်တဲ့အတွက်ကြောင့် အဂတိမှု ၉ မှုအထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ဖွင့်လှစ်ထားတဲ့ အဂတိမှု ၉ မှု အပါအဝင် ပုဒ်မ ၅၀၅ (က) အမှုဖွင့်တွေကိုတော့ ရက်ပေါင်း ၁၈၀ အတွင်း အပြီး စစ်ဆေးသွားဖို့ တရားရုံးက ဆုံးဖြတ်ထားပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာအေးဇံ အမှုတွေကိုတော့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကျိုက်မရော ဗဟိုအကျဉ်းထောင်မှာ အထူးတရားရုံး ဖွင့်လှစ်ပြီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ အာဏာသိမ်းစစ်ကောင်စီဟာ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေထဲမှာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အဂတိမှု ၅ မှုအတွက် အမှု တစ်ခုကို ထောင်ဒဏ် ၁၅ နှုန်းနဲ့ ထောင်ဒဏ် ၇၅ နှစ် အမိန့်ချမှတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013