DVB Logo
Home
Lead Story
ဓနုဒေသ ရွာငံမြို့နယ်တွင် စစ်မှုထမ်းဟောင်း ၁ ဦး အသတ်ခံရ
DVB
·
November 10, 2021
ဓနုဒေသ ရွာငံမြို့နယ်တွင် စစ်မှုထမ်းဟောင်း ၁ ဦး အသတ်ခံရ
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာက ဒလန်လို့ အများပြည်သူက သတ်မှတ်ခံထားရတဲ့ စစ်မှုထမ်းဟောင်း ကိုနိုင်ဦးဟာ နိုဝင်ဘာ ၉ ရက်နေ့ ညနေ ၃ နာရီကျော်လောက် နေအိမ်မှာ ဓားထိုးအသတ်ခံလိုက်ရတယ်လို့ နယ်ခံတွေက ပြောပါတယ်။

“ကိုနိုင်ဦးက ဒီဇာတိမဟုတ်ဘူး၊ ဒီကရွာသူ‌နဲ့ အိမ်ထောင်ကျထားတာ။ သူကစစ်မှုထမ်းဟောင်းဆိုတော့ စစ်သားတွေကို ရွာထဲခေါ်ဝင်ဖူးတယ်။  သူ့အိမ်ထဲထိဝင်ပြီး  ဓားနဲ့ထိုးတာခံလိုက်ရတာ၊ အခုတော့ သေပြီလို့ကြားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အများပြည်သူက ဒလန်လို့ သတ်မှတ်ခံထားရတဲ့ ကိုနိုင်ဦး သေဆုံးမှုပတ်သက်ပြီး သက်ဆိုင်ရာတွေက ထုတ်ပြန်တာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ရက်ပိုင်းက  အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဒလန်လမ်းပြတွေနဲ့အတူ ပြည်သူ့နေအိမ်‌တွေဝင်ရောက် ရှာဖွေတာနဲ့ ရွာသားတချို့ကို ဖမ်းဆီးခဲ့ တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဓါတ်ပုံ CJ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013