DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်း NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦး၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများ ချိပ်ပိတ်ခံရ
DVB
·
November 9, 2021
မကွေးတိုင်း NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦး၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများ ချိပ်ပိတ်ခံရ
Donate to DVB

မကွေးတိုင်းက NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦးရဲ့ နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို နိုဝင်ဘာ ၉ ရက်နေ့ တရက်တည်းမှာ အကြမ်းဖက်စစ်ကောင်စီက အဓမ္မချိပ်ပိတ်သွားတယ်လို့ သိရပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ မကွေးမြို့က ဒေါ်ခင်ချိုလတ်ရဲ့ မိဘပိုင်နေအိမ်၊ မင်းလှမြို့က ဒေါက်တာရဲထွန်းဇော် ရဲ့ ဆေးခန်းနဲ့ တောင်တွင်းကြီးမြို့က ၂၀၁၅ ခုနှစ်၊ တိုင်းဒေသကြီးအမတ်ဟောင်း ဦးဝင်းမြင့်လှိုင်တို့ရဲ့ နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကို အဓမ္မချိပ်ပိတ်ခံရတာလို့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒေသခံတဦးက “ဒေါ်ခင်ချိုလတ် ပိုင်ဆိုင်တဲ့အိမ်မရှိဘူး။ သူ့မိဘအိမ်ပဲရှိတာ။ သူပိုင်တဲ့အိမ်ထင်ပြီး နေ့လယ် ၂ နာရီကျော်လောက်က စစ်သား၊ ရဲနဲ့ စရဖ တွေ ၂၀ လောက်က ဗွီနိုင်းအနီကြီးကပ်ပြီး ချိပ်ပိတ်သွားတာပဲ။ ဘယ်လိုတွေ ဆက်လုပ်ကြမလဲတော့ မသိသေးဘူး” လို့ ပြောပါတယ်။

တောင်တွင်းကြီးမြို့က လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝင်းမြင့်လှိုင်ဟာ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) နဲ့ မတရားအမှုဖွင့်ထားခံရတဲ့အတွက် ပြီးခဲ့တဲ့ မတ်လကတည်းက တိမ်းရှောင်နေရပြီး ရှမ်းပြည်နယ်၊ ရပ်ဆောက်မြို့မှာ နိုဝင်ဘာ ၈ ရက်နေ့က ဖမ်းဆီးခံလိုက်ပြီး ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးဘူးလို့ မိသားစုဝင်တွေဆီက သိရပါတယ်။

''အကြမ်းဖက်စစ်ကောင်စီရဲ့ ချိပ်ပိတ်ခံရတဲ့နေအိမ်တွေကို PDF အဖွဲ့အစည်းတွေနဲ့ ပတ်သက်ဆက်စပ်နေတယ်ဆိုပြီး နိုင်ငံတော်ပိုင်သိမ်းဆည်းမယ်၊ မကျူးကျော်ရ၊ ရောင်းဝယ်ခြင်းမပြုရဆိုတဲ့ ဗွီနိုင်းတွေ ကပ်သွားကြတာ၊ တကယ်ရူးလိုက်ကြတဲ့ကောင်တွေ။ ဆေးမမီတော့ဘူး။ ဒီကောင်တွေ အသေဆိုးနဲ့မြန်မြန်သေကုန်မှ ပြည်သူစိတ်ချမ်းသာမှာ” လို့ မင်းလှမြို့ခံတဦးက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ မကွေးမြို့က ဒေါ်ခင်ချိုလတ်နဲ့ မင်းလှမြို့က ဒေါက်တာရဲထွန်းဇော်တို့ကတော့ ဒီနေ့အချိန်အထိ တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013