DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တန်ဆောင်တိုင် လွိုင်းကထုန်းပွဲတော်ကို New Normal ပုံစံဖြင့် ကျင်းပမည်
DVB
·
November 3, 2021
ချင်းမိုင်တန်ဆောင်တိုင် လွိုင်းကထုန်းပွဲတော်ကို New Normal ပုံစံဖြင့် ကျင်းပမည်
Donate to DVB

ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ၂ နှစ်ကြာရပ်နားခဲ့တဲ့ ထိုင်းနိုင်ငံ ဒုတိယမြို့တော် ချင်းမိုင်ရဲ့ အထင်ကရရိုးရာပွဲတော်တွေထဲက လွိုင်းကထုန်း (မီးဖောင်မျှောပွဲတော်) ကို ထိုင်းဝန်ကြီးချုပ်ရဲ့ နိုင်ငံ့တံခါးဖွင့်လှစ်ခြင်း အစီအစဉ်အရ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ ဒီနှစ် ပြန်လည်ကျင်းပတော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကိုဗစ်-၁၉ ကူးစက်မှုတွေ ရှိနေဆဲမို့ ကျန်းမာရေးလုံခြုံမှုအတွက် ပွဲတော်ကို  အားလုံးအတွက်ရောဂါကြိုတင်ကာကွယ်တဲ့ New Normal ပုံစံနဲ့ ကျင်းပသွားမယ်လို့ ပွဲကျင်းပရေးကော်မတီက နိုဝင်ဘာ ၂ ရက် အစည်းအဝေးမှာ ပြောပါတယ်။ 

အဆိုပါ ပုံစံသစ်အရ ပွဲခင်းထဲ ဝင်လာမယ့်သူတွေနဲ့ ပွဲစီစဉ်သူတွေ လိုက်နာရမယ့်အချက်တွေလည်း သတ်မှတ်ထားပါတယ်။

ပွဲခင်းထဲဝင်လာမယ့်သူတွေဟာ မိမိကိုယ်မိမိ ပိုးကင်းစင်ကြောင်းသေချာသိပြီး ကူးစက်မှုပြန့်ပွါးနေတဲ့နေရာက မလာသူ၊ ပွဲအစီအစဉ်တွေ ကြိုတင်သိထားနိုင်အောင် ဖုန်းထဲမှာ ချင်းမိုင်တန်ဆောင်တိုင် အပလီကေးရှင်းကို ထည့်ထားဖို့၊ ကိုဗစ်ကာကွယ်ရေး CM wins အပလီကေးရှင်းနဲ့ Check in လုပ်ဖို့၊ ပွဲမဝင်ခင် အပူချိန်တိုင်းပြီး တဦးနဲ့တဦး ခပ်ခွာခွာနေကာ Mask အမြဲတပ်ဆင်ဖို့၊ အများသူငှာနဲ့ တွေ့မှုရှောင်ကြည်ဖို့၊ ပွဲခင်းထဲ ချပေးထားတဲ့ အယ်လ်ကိုဟော ဂျယ်လီတွေနဲ့ လက်ကို မကြာမကြာဆေးကြောဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။

ပွဲတော်ခင်းကျင်းသူတွေအနေနဲ့ ကျန်းမာရေးလုံခြုံရေးအတွက်  ဌာနဆိုင်ရာပေါင်းစုံ နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့၊ မီးပုံးပျံမလွှတ်တင်ရ၊ မီးရှုးမီးပန်းဗျောက်အိုး မဖောက်ရ၊ ကုန်းလမ်း ရေလမ်း အဝင်အထွက် ယာဉ်ရပ်နားရာနေရာများ စည်းစနစ်ကျရေး ဆောင်ရွက်ဖို့ စတာတွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဖျော်ဖြေရေးအဖွဲ့အနေနဲ့ စင်ပေါ်မတက်ခင် နဲ့ စင်အောက်ဆင်းလာချိန်တိုင်း လက်ဆေးဖို့၊ လူနေသိပ်သည်းထူထပ်မှုမရှိအောင် စောင့်ကြည့်ထိန်းသိမ်းဖို့၊ Mask ကို အချိန်တိုင်းတပ်ဆင်ဖို့၊ အသုံးပြုပြီးသား Mask များ စနစ်တကျစွန့်ပစ်နိုင်ရေး စီစဉ်ထားဖို့၊ ပွဲမစခင် နဲ့ ပွဲပြီးတဲ့နောက်မှာ ပွဲခင်းတစ်ခုလုံးကို ပိုးသတ်ဆေးဖျန်းသန့်စင်ဆေးကြောဖို့လည်း ပါဝင်ပါတယ်။ 

ပွဲတော်မှာ  မီးဖောင်အလှပြယာဉ် အနည်းဆုံး ၂၀ ကျော် စီတန်းလှည့်လည်မှာဖြစ်ပြီး ချင်း မိုင်မြို့တွင်းတလျှောက် စီးဆင်းသွားတဲ့ မယ့်ခါချောင်းထဲမှာလည်း လှေစီးပြီး မီးဖောင်မျှောဖို့ စီစဉ်ထားကြောင်း၊ မယ့်ခါချောင်းဟာ ချင်းမိုင်နဲ့အတူ တည်ရှိနေတာကြောင့် ချင်းမိုင်သူချင်းမိုင်သားတွေအနေနဲ့ ချောင်းရေသန့်ရှင်းရေး သဘာဝဝန်းကျင်ထိန်းသိမ်းရေးကို ဆောင်ရွက်ကြဖို့ တိုက်တွန်းနှိုးဆော်တဲ့အနေနဲ့ ချောင်းထဲမှာ မီးပဒေသာလှည့်မယ့် အစီစဉ် ထည့်ထားပြီး ပွဲမတိုင်ခင် အားလုံးဝိုင်းဝန်းပြီး ချောင်းရေသန့်ရှင်းရေးလုပ်ကြဖို့ ခရိုင်သဘာဝဝန်းကျင်ထိန်းသိန်းရေးဌာန ညွှန်မှူးက အစည်းအဝေးမှာ ပြောသွားပါတယ်။ 

ချင်းမိုင် လွိုင်ကထုန်းပွဲတော်ကို နိုဝင်ဘာ ၁၉ နဲ့ ၂၀ ရက်နေ့ ကျင်းပမှာဖြစ်ပြီး မြို့ရဲ့ အထင်ကရ နေရာအချို့မှာ မီးပုံးအလှဆင်ယင်ထားပါတယ်။ 

မီးပုံးအလှဓာတ်ပုံများ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013