DVB Logo
Home
မြန်မာသတင်း
လူ ၁၀၀ ထက် ပိုစုဝေးပါက အရေးယူမည်ဟု စစ်ကောင်စီကြေညာ
DVB
·
October 30, 2021
လူ ၁၀၀ ထက် ပိုစုဝေးပါက အရေးယူမည်ဟု စစ်ကောင်စီကြေညာ
Donate to DVB

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု လက်ရှိအခြေအနေအရ အောက်တိုဘာ ၃၀ ရက် ဒီကနေ့ကစပြီး ခြွင်းချက်ကိစ္စတွေမှအပ လူ အယောက် ၁၀၀ ထက် ပိုပြီး စုဝေးခြင်းမပြုကြဖို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ကြေညာပါတယ်။

ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေနဲ့ စပ်လျဉ်းပြီး ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်စေဖို့ အရင်က လူ အယောက် ၅၀ ထက်ပိုမစုဖို့ ထုတ်ပြန်ထားရာက အောက်တိုဘာ ၂၉ ရက်နေ့မှာ လူ  ၁၀၀ ထက်ပိုပြီး စုဝေးတာမလုပ်ဖို့ ပြင်ဆင်ထုတ်ပြန်လိုက်တာပါ။

ကိုဗစ်-၁၉ ရောဂါနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတဲ့ အမိန့် ညွှန်ကြားချက်တွေကို လိုက်နာဖို့ ပျက်ကွက်ပါက တည်ဆဲ ဥပဒေအရ အရေးယူမယ်လို့ စစ်ကောင်စီကလက်အောက်ခံ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အမိန့်ထုတ်ပြန်ထားပါတယ်။

တဖက်မှာ လူ ၁၀၀ ထက်ပိုစုရင် အရေးယူမယ်လို့ အမိန့်ထုတ်ထားပေမဲ့ နယ်မြို့တချို့မှာတော့ လူ ၁၀၀ ထက်ပိုတဲ့  အကြမ်းဖက်စစ်တပ်ထောက်ခံပွဲတွေကို စစ်ကောင်စီက စီစဉ်ပြုလုပ်နေပါတယ်။

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၉၀၀ ကျော်နဲ့ ၂၂ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၉ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်းကတော့ ၄၉၈,၆၀၅ ယောက် ရှိနေပြီး သေဆုံးသူအရေအတွက်ကတော့ ၁၈,၆၄၄ ယောက် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013