DVB Logo
Home
မြန်မာသတင်း
ထန်တလန်မြို့ကို အကြမ်းဖက်စစ်တပ်က ထပ်မံမီးရှို့၊ နေအိမ် ၁၀၀ ကျော်မီးလောင်ကျွမ်း
DVB
·
October 29, 2021
ထန်တလန်မြို့ကို အကြမ်းဖက်စစ်တပ်က ထပ်မံမီးရှို့၊ နေအိမ် ၁၀၀ ကျော်မီးလောင်ကျွမ်း
1 / 18
Donate to DVB

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို အောက်တိုဘာ ၂၉ ရက်ဒီကနေ့ အကြမ်းဖက်စစ်တပ်က ထပ်မံမီးရှိုတာကြောင့် ဒေသခံပြည်သူလူထုတွေရဲ့ လူနေအိမ်ခြေ ၁၀၀ ကျော်လောက်မီးလောင် ဆုံးရှုံးသွားတယ်လို့  မြို့ခံတွေထံက သိရပါတယ်။

ထန်တလန်မြို့ကို  ဒီကနေ့ မနက် ၁၁ နာရီလောက်မှာ အကြမ်းဖက်စစ်တပ်က ဒုတိယ အကြိမ် ထပ်မံမီးရှိုတာကြောင့် နေအိမ် ၁၀၀ ကျော်လောက်မီးလောင်ကျွမ်းသွားပြီးတော့ မြို့လုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ထန်တလန်မြို့ခံတစ်ယောက်က  ဒီဗွီဘီကို ပြောပါတယ်။

စစ်အုပ်စုတွေဟာ ဒီနေ့မနက်ပိုင်း ကနေ ညနေပိုင်းအထိ ထန်တလန်မြို့ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်  မီးရှို့ဖျက်ဆီးတာကြောင့် ခရစ်ယာန်ဘုရားကျောင်း တကျောင်းအပါဝင် နေအိမ် ၁၀၀ ကျော်လောက်မီးလောင်နေပြီးတော့ လက်ရှိအချိန်ထိ မီးမငြိမ်းသေးဘူးလို့လည်း ဆိုပါတယ်။

မြို့ထဲမှာ မပြေးနိုင်တဲ့ သက်ကြီးရွယ်အို နည်းနည်းလောက်ပဲကျန်ရစ်ပြီး  မြို့ခံပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရလို့  မီးငြှိမ်းသတ်မယ့်လူလည်းမရှိပါဘူး။

ဒီပုံစံအတိုင်းဆိုရင် အကြမ်းဖက်စစ်တပ်က  တစ်မြို့လုံးကို မီးရှို့ဖျက်ဆီးသွားနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထန်တလန်မြို့မှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့  CNF တပ်ဖွဲ့တွေ မနက်ပိုင်းက အပြန်အလှန်တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီဘက်က အထိနာလို့ မီးရှို့ကြတာလို့ မြို့ခံတွေကဆိုပါတယ်။

ထန်တလန်မြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ် ၂၀ လောက်မီးလောင်ကျွမ်းခဲ့ပြီး မီးငြှိမ်းသတ်ဖို့လာတဲ့ ခရစ်ယာန် သင်းအုပ်ဆရာတစ်ယောက်ကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

Photo Credit- The Chinland Post/ Zalen

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013