DVB Logo
Home
မြန်မာသတင်း
ရေစကြိုတွင် ကင်းလှည့်ဆိုင်ကယ်အဖွဲ့ကို PDF က တိုက်ခိုက်၊ သရက်မြို့ NLD ဝန်းရံသူ ၁၂ ဦး ဖမ်းဆီးခံရ
DVB
·
October 28, 2021
ရေစကြိုတွင် ကင်းလှည့်ဆိုင်ကယ်အဖွဲ့ကို PDF က တိုက်ခိုက်၊ သရက်မြို့ NLD ဝန်းရံသူ ၁၂ ဦး ဖမ်းဆီးခံရ
Donate to DVB

မကွေးတိုင်း ရေစကြိုမြို့အထွက်မှာ အောက်တိုဘာလ ၂၇ ရက် ည ၁၀ နာရီက ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ဆိုင်ကယ်အဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ရေစကြို PDF ခေါင်းဆောင်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ရဲတစ်ယောက် ဒဏ်ရာရသွားတာကို မြို့ခံပြည်သူတွေရဲ့ ပြောပြချက်အရ သိရပြီးတော့ ရေစကြို PDF တပ်ဖွဲ့ကတော့ မိုင်းထောင်ဖောက်ခွဲပြီးတော့ ပြန်လည်ဆုတ်ခွာ ခဲ့တာကြောင့် ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်နဲ့ နောက်လိုက်တွေကို သုတ်သင် ချေမှုန်းသွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့ မလိုအပ်ရင် အပြင်မထွက်ဘဲ နေပြီးတော့ အကြမ်းဖက်စစ်အုပ်စုနဲ့ ဆက်နွယ်တဲ့ နေရာတွေ အဆောက်အုံတွေကို ရှောင်ရှားကြဖို့ မေတ္တာရပ်ခံသတိပေးထားပါတယ်။

မကွေးတိုင်းဒေသကြီး သရက်မြို့နယ် ပုဏ္ဏားကျေးရွာမှာ အောက်တိုဘာ ၁၈ ရက်နေ့ကနေ အောက်တိုဘာ ၂၈ ရက်နေ့ထိ အကြမ်းဖက်စစ်အုပ်စုတွေတပ်စွဲထားပြီး ဒေသခံပြည်သူ ၁၂ ယောက်ကို PDF နဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးထားတယ်လို့ သရက် PDF တပ်ဖွဲ့ကနေ သိရပါတယ်။

ပုဏ္ဏားကျေးရွာမှာ အောက်တိုဘာလ ၁၈ ရက်နေ့ညနေက သရက် PDF နဲ့ ကံမ PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးခဲ့တာကြောင့် အဲဒီနေ့ကနေ ဒီနေ့အချိန်ထိ စစ်အုပ်စု ၂၅ ယောက်လောက်ဟာ ကျေးရွာစာသင်ကျောင်းမှာတပ်စွဲထားပြီး ဒေသခံတွေကို ဖမ်းဆီးထားတာလို့ သရက် PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက DVB ကို ပြောပါတယ်။

တိုက်ပွဲဖြစ်တဲ့နေ့မှာ အပြစ်မဲ့ခရီးသွားပြည်သူတစ်ယောက်ကို ပစ်သတ်သွားပြီး PDF တပ်ဖွဲ့တွေကို ကူညီပေးနေတဲ့ ဒေသခံပြည်သူတွေရဲ့ ဆိုင်ကယ် ၇ စီးကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်စီးသွားကာ PDF တွေစခန်းချထာတဲ့ တဲတိုက်က သုံးမဖြစ်တဲ့လက်နက်တစ်ချို့နဲ့ ရိက္ခာပစ္စည်းယူဆောင်သွားတယ်လို့ ဆိုပါတယ်။

ပုဏ္ဏားကျေးရွာဒေသခံတစ်ယောက်ကတော့ PDF တပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်အုပ်စုတွေတိုက်ပွဲ ဖြစ်ပြီးတဲ့နောက် အကြမ်းဖက်စစ်အုပ်စုတွေ သေနတ်တွေဆက်တိုက်ပစ်ဖောက်ပြီးရွာကို ဝင်မွှေလို့ ဒေသခံပြည်သူ ရာနဲချီဘေးလွတ်ရာ ထွက်ပြေးခဲ့ရပြီး NLD ပါတီထောက်ခံဝန်းရံသူ ၁၂ ယောက်ကို ဖမ်းသွားတာလို့ ပြောပါတယ်။ 

အကြမ်းဖက်စစ်အုပ်စုဖမ်းဆီးသွားတဲ့သူတွေကတော့ ကိုမောင်နိုင်၊ ကိုဇော်တူး၊ ကိုသန်းထွန်း၊ ကိုဝင်းမိုးကျော်၊ မလမင်း၊ ကိုမောင်မြင့်၊ ကိုဝင်းဦး၊ မချိုတူး၊မဝေ၊ ကိုဇော်ကြီး၊ ကိုကျော်မင်းစိုးနဲကိုမျိုးနိုင် တို့ ၁၂ ယောက်ဖြစ်ပါတယ်။

ဒါအပြင် ရွာထဲကနေအိမ်တွေကို ဖျက်ဆီးမွှေနှောက်ပြီးတော့ နေအိမ် ၃ အိမ်က ပစ္စည်းတွေကိုယူသွားပြီး တိုက်ပွဲ ဖြစ်တဲ့နေ့ကလည်း ဒေသခံတွေမွေးမြူထားတဲ့ နွားမတစ်ကောင်ကို အဓမ္မယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။

တောင်လှန်ရေးကာလအတွင်းမှာ လက်နက်ခဲယမ်း မပြည့်စုံတာကြောင့် မိဘပြည်သူတွေအနေနဲ့  အာဏာလုစစ်အုပ်စုကို တော်လှန်ရေးမှာ တစ်တပ်တစ်အားပါဝင်တဲ့အနေနဲ့ PDF တပ်ဖွဲ့တွေကို တပ်နိုင်သရွေ့ လှူဒါန်းပေးကြဖို့ တောင်ဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013