DVB Logo
Home
မြန်မာသတင်း
ဘုတလင်၌ စစ်ကောင်စီယာဉ်ကို PDF အဖွဲ့ မိုင်းဆွဲတိုက်ခိုက်၊ ဆားလင်းကြီးက ဒလန်တစ်ဦး ပစ်သတ်ခံရ
DVB
·
October 28, 2021
ဘုတလင်၌ စစ်ကောင်စီယာဉ်ကို PDF အဖွဲ့ မိုင်းဆွဲတိုက်ခိုက်၊ ဆားလင်းကြီးက ဒလန်တစ်ဦး ပစ်သတ်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် ပိုးကုန်းကျေးရွာအနီးမှာ အောက်တိုဘာ ၂၈ ရက်နေ့ မနက် ၉ နာရီခွဲအချိန်က စစ်ကောင်စီယာဉ်တစီး မိုင်းဆွဲခံရတယ်လို့ သိရပါတယ်။

ဘုတလင်ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက “မုံရွာဘက်ကနေထွက်လာတဲ့ စစ်ကောင်စီကားကြီး တစ်စီးကို ကျနော်တို့ ဒေသခံ ကာကွယ်ရေးတပ်နဲ့ မဟာမိတ်တွေ ပေါင်းပြီး မိုင်းဆွဲ တိုက်ခိုက်လိုက်တာဗျ။ ကားကတော့ ထိထိမိမိကို မိသွားတယ်။ အသေအပျောက် စာရင်းကတော့ လောလောဆယ် မသိရသေးဘူ။ ကျနော်တို့ဘက်ကတော့ အကျဆုံးမရှိဘူး” လို့ ပြောပါတယ်။

အခုလို မိုင်းဆွဲ တိုက်ခိုက်ခံရလို စစ်ကောင်စီတပ်သားတွေဟာ ရှေ့ကို ခရီးမဆက်နိုင်ဘဲ အနီပတ်ဝန်းကျင်ကို ရမ်းပစ်ခတ်နေတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ဆာထုံးကျေးရွာက ဒလန်ဆိုပြီး ဒေသခံတွေ သတ်မှတ်ထားသူတဦး အောက်တိုဘာ ၂၇ ရက်နေ့ မနက် ၈ နာရီလောက်က သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့  သိရပါတယ်။

ဒေသခံ ရွာသားတစ်ဦးက “အသတ်ခံရတာက ကိုကျော်ဝင်းပါဗျ။ အုပ်ကြီးအဟောင်း တစ်ယောက်ပါ။ ညောင်ပင်ကြီး က ပျူစောထီးခေါင်းဆောင်နဲ့ အဆက်သွယ်ရှိတာရယ်၊အုပ်ချုပ်ရေးမှူး တာဝန်ကနေ နုတ်ထွက်တာ လည်းမရှိလို့ အသက်ခံရတာဖြစ်နိုင်တယ်။ နေရာတင် ပွဲချင်းပြီးသေသွားတယ်ဗျ”လို့ ပြောပါတယ်။

အခုလို အသတ်ခံရတဲ့အပေါ် မိသားစုဝင်တွေရဲ့ ချက်စားချက်ကို သိရှိနိုင်ဖို့ DVB အနေနဲ့ ဖုန်ဆက်သွယ်‌ခဲ့ပေမယ့် ပြန်လည်မဖြေဆိုခဲ့ပါဘူး။

ဆားလင်းကြီးမြို့နယ်အတွက်း အခုအောက်တိုဘာလတစ်လတည်းမှာတင် ဖောင်းကတာ ကျေးရွာက လူတစ်ဦး၊ ကျားတက်ကျေးရွာက လူတစ်ဦးနဲ့ ဒီနေ့ ဆားထုံးရွာက လူတစ်ဦး စုစုပေါင်း သုံးဦး သတ်ခံလိုက်ရပါတယ်။ 

အဆိုပါ လူသတ်မှုတွေကို အမည်မသိ လူတစ်စုက လုပ်ဆောင်နေတာဖြစ်ပြီး ဘယ် အဖွဲ့အစည်းက ပြုလုပ်နေတယ်ဆိုတာကိုတော့ မသိရဘူးလို့ ဒေသခံရွာသားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013